"တာတာ့...... မေမေ"
"Kai.....! သားငယ်..... ဟဲ့ သားငယ်....!"
ကျွန်တော် မေမေ့ရဲ့ အော်သံတွေကို
လျစ်လျူရှုကာ အိမ်ကနေ မြန်မြန် ထွက်ပြေးခဲ့လိုက်သည်။ မေမေ့ရဲ့ ဆုံးမဩဝါဒတွေ ပြီးအောင်စောင့်နေရင် ဒီနေ့ Chanyeolတို့နဲ့ gameဆော့ဖို့ ချိန်းထားတာ မီလိမ့်မည်မဟုတ်ပေ။ကျွန်တော့်လက်ထဲက Skateboard အပြာလေးကို ချကာ စီးရင်း Chanyeolအိမ်ရှိရာ ဦးတည်လိုက်သည်။
စကိတ်စီးရတာကို ကျွန်တော် တကယ် သဘောကျသည်။ စကိတ်စီးရင်း ကျွန်တော့်မျက်နှာကို တိုးဝှေ့လာတဲ့ လေအေးအေးက လူရော စိတ်ကိုပါ လွတ်လပ်ပေါ့ပါးစေသည်။
ကျွန်တော် မျက်လုံးကို တစ်စက္ကန့်လောက် မှိတ်ကာ မျက်နှာပေါ်က လေနုအေးလေးကို ရှူရှိုက်လိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ လမ်းထောင့်ကနေ ရုတ်တရက်ပေါ်လာတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော် စကိတ်ကို ဦးတည်ချက်အမြန်ပြောင်းလိုက်ရသည်။ သို့သော် လူကိုမတိုက်လိုက်မိပေမဲ့ ကျွန်တော့် အနောက်မလှမ်းမကမ်းက လာနေတဲ့ စက်ဘီးနဲ့ ဘေးတိုက်ကြီး ဝင်တိုးမိလေသည်။
ရုတ်တရက် ဘာတွေဖြစ်သွားမှန်းမသိလိုက်ပဲ ကျွန်တော် သတိပြန်ဝင်လာတဲ့အချိန်မှာတော့ ကျွန်တော်က လမ်းပေါ်မှာ ဖင်ထိုင်လျက်ကလေး ဖြစ်နေခဲ့ပြီး ကျွန်တော့် စကိတ်အပြာလေးကတော့ ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ မှောက်နေခဲ့သည်။
".....ဟိတ်..... ဟိတ်.... ကောင်လေး..... ကိုယ် ခေါ်နေတာ ကြားလား..... ကောင်လေး....."
ကျွန်တော့် ပုခုံးကို ကိုင်လှုပ်လိုက်ခြင်းနဲ့ အတူ နားထဲဝင်လာတဲ့ စကားသံ.......။
အသံလာရာကို မော့ကြည့်လိုက်တော့ စိုးရိမ်တကြီးနဲ့ ကြည့်နေတဲ့ အနက်ရောင် မျက်ဝန်းတစ်စုံနဲ့ ဆုံမိခဲ့သည်။
"ဘာဖြစ်သွားသေးလဲ ကောင်လေး"
ကျွန်တော့်ကို ကြည့်နေတဲ့ မျက်ဝန်းတွေက
နက်ရှိုင်း လွန်းလှသည်။ သို့သော် နူးညံ့သည်။ တစ်ချိန်တည်းမှာလည်း စူးရှနေပြန်သည်။"ဟင့်အင်း......"
ကျွန်တော့်နှုတ်က အလိုလိုထွက်သွားခဲ့သည်။
YOU ARE READING
His Smile
FanfictionYour smile lights up my whole world A/n- ပျင်းလို့ 😁😁😁 ficတွေ မdateပဲ oneshot လေးတစ်ပုဒ်လောက်😄😄😄