"Im Yoona"
အဲ့တစ်ယောက်တွေ့လိုက်တိုင်း ဘေး
မှာမိန်းကလေးတစ်ယောက်က အမြဲ
ပါတယ်၊ တော်တော်အမြင်ကပ်စရာ
ကောင်းတယ်၊ ရုပ်ကလေးဗန်းပြပြီး
လူတွေကိုကစားနေတာ ဟွန်း..........[Jung Sooyeon တို့ အလကားနေရင်း
သူများကို သွားမုန်းနေတယ် ဟိုကသူ့
ဘာမှလည်းမလုပ်ရပါပဲနဲ့]Sooyeon လည်းYoona ကိုစိတ်ထဲ
ကနေ မေတ္တာပို့နေတုန်း
Waiter လေးကသူမ မှာထားတာ
တွေလာချပေးတာကြောင့် Yoona တို့
ထံမှ အကြည့်လွဲလိုက်လေသည်။Yoona ကတော့ သူနဲ့ပါလာတဲ့မိန်း
ကလေးနဲ့ စကားပြောရင်းဆိုင်ထဲဝင်
လာတာကြောင့် စစချင်း Sooyeon
ကိုမမြင်သေးချေ။ Sooyeon ဆိုင်ထဲက
ထွက်တော့မယ့်အချိန်မှ သူတို့ထိုင်
နေတဲ့ စားပွဲရှေ့ကနေဖြတ်မှပဲ
သူမ Sooyeon ကိုတွေ့လေသည်။ဟင်.........ရေစက်ကလေး၊ တိုက်တိုက်
ဆိုင်ဆိုင်ပါလား၊ နောက်တစ်ခေါက်
တွေ့ပြန်ပြီ.........
ငါ့နှလုံးသားကလည်းဟိုရက်ကလို
တဒုန်းဒုန်းနဲ့ခုန်နေပါလား၊ Yoon တော့
ရေစက်ကလေးကို တကယ်သဘောကျ
နေမိပြီထင်တယ်၊ ထူးဆန်းတယ် ဘယ်သူ
မှန်းမသိ၊ ဘယ်ကမှန်းလဲမသိ၊ နာမည်
တောင်မသိတဲ့သူကိုမှ............
ပထမဆုံးတွေ့တဲ့နေ့ကတော့
မသေချာသေးဘူး၊ ခဏတာစိတ်လှုပ်
ရှားတာလို့ထင်ခဲ့တာ၊ အခုတော့သေချာ
သွားပြီ၊ ကြည့်ရတာ Yoon ရေစက်လေး
ကို Love at first sight ဖြစ်ခဲ့တယ်နဲ့
တူပါရဲ့.........
Yoon ကိုစောင့်နေနော်
ရေစက်ကလေးနား မကြာခင်အရောက်
လာခဲ့မယ်..........
သူ့ဘာသာတွေးရင်း သဘောကျနေမိ
တာ သူတောင်မသိလိုက်ခင်မှာပဲ အပြင်
မှာလည်းပြုံးမိသွားတာကြောင့် ..........."Yoon ဘာတွေသဘောကျနေတာလဲ
ပြုံးနေလိုက်တာများ မျက်နှာကြီးက
ပျားရည်လောင်းထားသလိုချိုအီနေ
တာပဲ""Arni......ဘာမှမဟုတ်ပါဘူး Hojin Ya
ဖတ်ဖူးတဲ့ဟာသ တစ်ပုဒ်ကိုရုတ်တရက်
သတိရသွားလို့""ပြီးတာပဲ.......Yoon ဒါပြီးရင်ဘယ်သွား
မှာလဲ၊ အားရင် ရုပ်ရှင်လိုက်ပြပါလား
အခုရုံတင်ထားတဲ့ ကားကအရမ်း
ကောင်းတယ်ပြောတယ်""ဘာကားမလို့လဲ Yoon ကသရဲ
ကားဆိုမကြိုက်ဘူးနော်""Yoon ကလည်းသရဲကားဆိုသွားကြည့်
ပါ့မလားလို့ ဇာတ်ကားနာမည်က
Me Before U တဲ့၊ Drama နဲ့ Romance ကားလေး
Yoonလိုက်ပို့ပေးလို့နော်"
YOU ARE READING
My Beloved
Fanfictionfic မှာပါတဲ့ Cover photo အတွက် original uploader ကို crd ပေးပါတယ်