မနက်ခင်းနေရောင် က မျက်နှာပေါ်ကျရောက်လာတော့
ကျနော် မျက်လုံးများ ဖွင့်မိခိုက်တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ပွေ့ဖက်လို့ခံထားရတယ်
နဖူးပြင်ကို လာရောက် ထိခက်တဲ့ အသက်ရှုသံ ခါးမှာ ရစ်ပတ်လို့ နွယ်နေတဲ့ လက်တစ်စုံရဲ့ ပိုင်ရှင်ကို မော့ကြည့်မိတော့
နတ်ပြည်မရောက်ပဲ နတ်သားတစ်ပါးအား တွေ့လိုက်ရသလို
နဖူးပြင်ပေါ် ဝဲကျနေတဲ့ ဆံသားများ
ဖြောင့်တန်းနေသော မျက်ခုံးအောက်မှာ မှိတ်ထားသော မျက်ခွံ အပေါ်က အကြောစိမ်းလေးများ
ဖြောင့်တန်းလှတဲ့နှာတံပြီးပြည့်စုံလွန်းသော သူ့မျက်နှာပေါ်ကို ပို၍တောက်ပစေတာက မနက်ခင်းရဲ့နေရောင်ခြည်
လာရောက် ထိခက်နေတဲ့ ဝင်သက်ထွက်သက်များက လူကို အရူးတပိုင်းဖြစ်စေသော အနှီလူသားဟာ ကျနော့် နှလုံးသားရဲ့ အရှင်သခင်ဒါဟာ အိမ်မက်များလား အိမ်မက်ဆိုလည်း မနိုးထလိုက်ပါနဲ့
ဒီလိုပြီးပြည့်စုံလွန်းတဲ့ အခိုက်အတန့်လေးကို ကျနော် ပျော်ရွှင်ရလွန်းလို့ပါတစ်စက္ကန့်မျှ အကြည့်မလွှဲနိုင်သော သူ၏နှုတ်ခမ်းပါးစီသို့ စိတ်မထိန်းနိုင်စွာ ကျနော်လက်များ တို့ထိမိသည်
မနက်ခင်းတိုင်းသာ ကျနော့် အိမ်မက်ထဲကလို အမြဲ နိုးထ ရရင် ဘယ်လောက် ကောင်းလိုက်မလဲ
kook: umm~~
Tae: ဟင်
ပိုတိုးလို့ ဖက်လိုက်သော လက်တစ်စုံ ကြောင့် မော့ကြည့်နေသော ကျနော့် နှုတ်ခမ်းက သူ့မေးဖျားစီကို ထိခက်မိလေတော့ ဒါ ဒါဟာ အိမ်မက်မဟုတ်ဘူး
တ တကယ့် လက်တွေ့ဘဝမှာလား မဖြစ်နိုင်တာ
အတွေးလွန်နေတုန်း မျက်လုံးပွင့်လာတဲ့သူ အခုထိ ထိကပ်ထားတဲ့ သူ့မေးဖျား ဘယ်လို လုပ်ရမလဲ ဖယ်လိုက်ရမလား အိပ်ချင်ယောင် ဆောင်နေရမလား သေတော့မှာပဲ
kook; မင်းနိုးနေတာလား?
Tae:....
kook: မင်းအဝတ်စိုတွေယူပြီးပြန်တော့ အခုအခြေနေကို တမျိုးမထင်နဲ့ မင်းချမ်းနေတယ် ဆိုလို့ ညက ဒီတိုင်းအိပ်ပျော်သွားမိတာ