The Last Piece

2.4K 269 31
                                    

အိမ်.... အိမ်ဆိုတာဘယ်လိုအရာကိုဆိုလိုတာလဲ။ မိခင် ဖခင်စုံလင်ပြီး ကိုယ့်တာဝန်ကိုယ်ထမ်းကာ တစ်ယောက်ကိုတစ်ယောက်ကူညီအားပေးသော နေရာလား။ ဒါမှမဟုတ် ကျွန်တော်နေခဲ့ရသော ဟာလာဟင်းလင်း ပေမယ့် တစ်ကောင်ကြွက် ကျွန်တော့်အတွက် သက်တောင့်သက်သာ ရှိစေသော တိုက်ခန်းကျဉ်းလေးလား။ ဒါမှမဟုတ် ယခုကျွန်တော့်ဘေးမှာ နှစ်ခြိုက်စွာအိပ်မောကျနေသော ကျွန်တော်ချစ်ရသော ကောင်လေးရဲ့ လက်မောင်းအထက်ပင်လား။ ကျွန်တော်ဝေခွဲမတတ်ပါ။ မည်သို့သော နေရာဟာ ကျွန်တော့်ဘဝအတွက်အကောင်းဆုံးဖြစ်မယ်ဆိုတာ ကျွန်တော်ဝေခွဲမတတ်ပါ။ ဒါပေမယ့် ကျွန်တော်နားလည်လိုက်သော အရာတစ်ခုတော့ရှိခဲ့ပါတယ်။ ကျွန်တော်ဟာ အမှားတစ်ခုအတွက်တည်းနဲ့ နှစ်ပေါင်းစွာ ကိုယ့်ကိုကိုယ်အပြစ်တင်ကာ ဖြစ်နိုင်ချေသော အခွင့်အရေးများပေါင်းစုံကို လက်လွတ်ခံခဲ့မိတာပဲ။ ဘယ်လိုများ ကျွန်တော့်ခေါင်းထဲ ရုတ်တရုက်ကြီး နားလည်မိသွားတာလဲ။ သေချာတာကတော့ သူ့ရဲ့အချစ်တွေကြောင့်လိုပဲ ဆိုချင်ပါတယ်။

အမှားတစ်ခုကြောင့် ဘဝပျက်သလို ခံစားရခဲ့ပေမယ့် သူဟာ ကျွန်တော်မထိုက်တန်ခဲ့သော အကောင်းဆုံးတွေကို သယ်ဆောင်ယူကျဉ်းလာခဲ့ပေးတယ်။ တိမ်ထူနေသော ကောင်းကင်ယံကို ကျော်လွန်ပြီး နေမင်းကြီးနဲ့ထိုက်တန်ကြောင်းကို ပြသပေးခဲ့တယ်။
ရေထဲမှာနှစ်မြုပ်နေခဲ့သော ဖီးနှစ်ငှက်တစ်ကောင် ပြန်လည်ရုန်းကန်ကာ ကောင်းကင်သို့ပျံတက်ခဲ့သလိုမျိုး

ငါးကလေးတစ်ကောင် ပျံသန်းဖို့သင်ယူနိုင်ခဲ့သလိုမျိုး

ပိုးဖလံအထင်မှတ်သော ပိုးစုန်းကြူးလေး ပထမဦးဆုံးအကြိမ်အဖြစ် လမိုက်ညတွင် အလင်းပေးနိုင်ခဲ့သလိုမျိုး...

ကျွန်တော့်ရဲ့တည်ရှိမှုဟာ တစ်စုံတစ်ယောက်အတွက်အရေးပါကြောင်းကို သူပြသပေးခဲ့တယ်။ ကျွန်တော်ဟာ ပျက်စီးပြိုလဲနေသော အတိတ်ပန်းချီကားကိုသာ မျက်နှာမူထားခဲ့ပြီး ကိုယ့်နောက်ကျောတွင် လှပသော အနာဂတ်ပန်းချီကားတစ်ခု တွယ်ချိတ်ထားခဲ့သည်ကို လှည့်မကြည့်ခဲ့မိသော အရှုံးသမားတစ်ယောက်။ သို့သော် သူဟာ ကျွန်တော့်ကို ဘဝမှာ ပထမဦးဆုံးအဖြစ် အနိုင်ရသူလိုခံစားရစေတယ်.... လူတွေပြောကြတာရှိတယ်။ အိမ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားကျန်ရစ်နေခဲ့သော နေရာဖြစ်တယ်ဆိုပဲ....။ ဒီစကားရဲ့အဓိပ္ပာယ်သာ အမှန်ဆို ကျွန်တော်ဘယ်နေရာပဲရောက်ရောက် ဘာတွေပဲလုပ်နေပါစေ ကျွန်တော့်ရဲ့အိမ်ဟာ သူပဲဖြစ်နေတော့မှာပါ။

Piece by PieceDonde viven las historias. Descúbrelo ahora