Part 1 (Zawgyi & Unicode)

45.1K 1.9K 8
                                    

ZawGyi👇
🔹Year 2017🔹

"ချမ်းတယ် ပြတင်းပေါက်ပိတ်လိုက်"

ဂွမ်းစောင်နီညိုရောင်ရင့်ရင့်ကို တစ်ကိုယ်လုံးလုံနေအောင် ထုပ်ရင်း ခြေရင်းမှာ စာဖတ်နေသည့် သူ၏ အသစ်စက်စက် ယောကျာ်း ထိုရေခဲကောင်ကို သူလှမ်းပြောမိသည်။ ထိုလူကတော့ တေမိလူသားအလား တုပ်တုပ်မျှပင်မလှုပ်။

"စဝ်မှူးပိုင်!"

မကျေမချမ်းနဲ့ နာမည်ခေါ်မိတော့ စာအုပ်ကနေ အကြည့်ရွေ့
ကာ မျက်လုံးလှန်ကြည့်လာသည်။ တော်သေးတယ်...
နာမည်ကိုတော့ ကြားပုံရသေးလို့။

"ပြတင်းပေါက်ပိတ်လိုက်ဆိုနေ"

စောင်အောက်ထဲ အတင်းပြန်တိုးနေရင်း လှမ်းပြောတော့
သူက ပုခုံးကို အသာပင့်ပြကာ ဖတ်လက်စ စာအုပ်ကို
လက်ညိုးနဲ့အသာညှပ်ရင်း သူ့ကို စေ့စေ့လှမ်းကြည့်
လာသည်။

"ငါမင်းထက်ကြီးတယ် နောင်! ယဉ်ယဉ်ကျေးကျေးပြော
စမ်း!!"

ယဉ်ယဉ်ကျေးကျေးပြောဟုဆိုလာသူ ထိုလူသားသည်
သူကိုယ်တိုင်တော့ ယဉ်ကျေးသောအသုံးအနှုန်းကို
နားလည်ပုံမရပေ။ နောင် သိသိသာသာပင် မျက်နှာမဲ့ပစ်
လိုက်သည်။ ဒါလား သူတို့ရဲ့ မင်္ဂလာဦးည?

"ရတယ် ခင်ဗျားနေတော့..ကိုယ့်ဘာသာကိုယ်ပဲ ပိတ်လိုက်
တော့မယ်"

"နောင်!!"

နာမည်ခေါ်သံကြောင့် ပြတင်းပေါက်ဆီ ရောက်လုဆဲ
ခြေလှမ်းတွေကို နောင် ရပ်ပစ်ကာ ခုံမှာ ထိုင်နေသူကို
ငဲ့ကြည့်လိုက်သည်။ နောင်ပဲလား?? ဒါ ချစ်စနိုး အဖျား
ဆွတ်ခေါ်သံထက် နာမည်အပြည့်အစုံကိုပင် နောင် ဟုပင် ထင်ထားမည့်လူ... အနည်းဆုံးတော့ စဝ်မှူးပိုင် သူ့ယောကျာ်း
ဖြစ်လာသည့်သူ၏ နာမည်အပြည့်အစုံကို သိသင့်သည်။

"ခင်ဗျား ကျွန်တော် နာမည်ကို သိလား?"

"ဟမ်?"

အံ့သြရိပ်သန်းနေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်
ရသည့်အခါ နောင် သက်ပြင်းငွေ့ငွေ့ချရင်း ပြတင်း
ပေါက် တံခါးကို ဆွဲလိုက်သည်။ အနည်းဆုံးတော့
နောင် မင်္ဂလာဦးည ဆိုတာကို ဒီလိုမျိုး ဖြတ်သန်းရလိမ့် မည်လို့ ငယ်စဉ်ကတည်းက မတွေးမိခဲ့။

Lovey-DoveyWhere stories live. Discover now