Unicode
စကားစပြောတယ်...ဦးဆုံးသော..~ပီပြင်ဖို့
ခဲယဉ်းခဲ့တယ်...လမ်းစလျှောက်တယ်...ဦးဆုံးသော..~ရပ်နိုင်ဖို့တောင်ခဲယဉ်းခဲ့တယ်...
စာစရေးတယ်...ဦးဆုံးသော..~လက်ဖောင်းဖောင်းကြွကြွလေးတွေနာကျင်ခဲ့တယ်...
ရင်ခုန်ခြင်းကိုစတင်ခဲ့တယ်...ဦးဆုံးသော..~
သိပ်ကိုခုန်ပေါက်နေခဲ့တာ...ချစ်ခြင်းရဲ့အဓိပ္ပါယ်ကိုရှေးဆုံးဖော်ကျူး ခဲ့ တယ်..ဦးဆုံးသော..~သိပ်ကိုချိုမြန်မယ်ထင်
ခဲ့တာ...ဒါပေမယ့်လို့...~~
❤-First Love-❤
14.6.2017
"ကိုရီးယားနိုင်ငံရဲ့ Top 10 ထိပ်သီးဝင်စီးပွားရေးလုပ်ငန်းရှင် Mr.Park Chanyeol နဲ့ သူ့ရဲ့ဇနီးဖြစ်သူ Mrs.Park Anna တို့ကိုအခုလိုအင်တာဗျူးခွင့်ရတဲ့အတွက်..."
တီ...~
နက်ရှိူင်းသွားသော ဖန်သားပြင်ကိုကြည့်
ရင်းအခြောက်တိုက်ပြုံးမိ၏...ဟိူးအရင်တစ်ခါက သူ့ရဲ့ပုံမကျနေသော
ဆံပင်တွေက အခုဆို ဆီဖြင့်ပိရိကာအချိူး
ကျနေလို့...ဟိူးအရင်တစ်ခါက ဘို့ရို့ဗားယားဝတ်တတ်သောအင်္ကျီတစ်ချို့ဟာအခုတော့
အနောက်တိုင်းဆန်ပြီးသိပ်ကိုခန့်ညား
လွန်းနေ၏...သို့ပေမယ့် ဟိူးအရင်တစ်ခါက မော်ဖူးခဲ့ရတဲ့ပါးချိုင့်တစ်စုံကတော့အရင်က
အတိုင်းပဲ....ခွင့်ဝင်နေရင်းနှုတ်ခမ်းဖျား
တွေဟာတွန့်တက်လို့...."သူပျော်နေတာပဲ....~"
"ပျော်ရွှင်ပါစေ.." ဆိုတဲ့စကားတစ်ခွန်းအ
တိုင်း မသွေမတိမ်းလိုက်နာတဲ့မင်းအတွက် ငါ ကျေနပ်မိပါတယ်...Chanyeol ah...~ရေစက်တို့တစိမ့်စိမ့်စီးကျနေသောမှန်ပြ
တင်းကိုငေးရင်း အတွေးတို့သည် လွန်လေပြီးသောနေ့ရက်များဆီသို့....21.6.2009
ရှင်းလင်းနေသော လူများ...
တိတ်ဆိတ်နေသော စာသင်ခန်း...
အထက်တန်းကျောင်းတစ်ခုရဲ့ Break-time
သည်ထိုကဲ့သို့ပင်...သို့ပေမယ့်...
တိတ်ဆိတ်မှုကိုမိတ်ဆွေဖွဲ့နေသော
မျက်မှန်ဝိုင်းဝိုင်းလေးနှင့်ကောင်လေးတစ်ယောက်ကတော့ လူရှင်းနေသောစာသင်
ခန်းထဲတွင်စာအုပ်နှင့်အကြည်ဆိုက်နေ၏