မကြာခင် ကျင်းပမယ့် ကျောင်း အားကစားပွဲတော် အတွက် Yulတစ်ယောက် ကျောင်းက ရေကူးကန်မှာ ရေကူးလေ့ကျင့်နေလေသည်.......
Tiffany busကားပေါ်ရောက်မှ တစ်စုံတစ်ခုကို သတိရသွားပြီး ကားပေါ်ကနေ
"ဦးလေး ခဏရပ်ပါအုံး......"
Busကားမောင်းတဲ့ ဦးလေးက ကားရပ်ပေးလိုက်တော့ Fany ကားပေါ်ကနေ အမြန်ဆင်းပြေးပြီး ကျောင်းထဲကို ၀င်သွားတယ်.....အတန်းထဲက သူ့စားပွဲခုံက အိတ်လေးကို တွေ့မှ Fany သက်ပြင်းချလိုက်ပြီး ထိုအိတ်ကလေးကို ယူလိုက်တယ်
"တော်သေးတာပေါ့ အတန်းထဲ ဘယ်သူမှမရှိတော့လို့......"Fany အခန်းအပြင်သို့ မထွက်ခင် ရုတ်တရက် ခေါင်းမူးလာကာ ခုံတွေပေါ် လဲကျသွားလေသည်.......
Yul ရေကူးပြီး ပြန်ဖို့ Fanyတို့ အတန်းရှေ့က အဖြတ် Fanyတို့ အတန်းထဲက ခုံတွေလဲကျသံကြားလို့ ၀င်ကြည့်သောအခါ.........
"Tiffany................."ခုံတွေကြားထဲ လဲကျနေတဲ့ Tiffanyဆီ ပြေးသွားပြီး ပွေ့ချီလိုက်သည်......
"Tiffany ....... Tiffany..... သတိထားပါအုံး Tiffany......"Fanyကို ခုံပေါ် Yuri တင်လိုက်ပြီး သူ့ပခုံးပေါ် မှီခိုင်းစေကာ Fany ကျောပိုးအိတ်ထဲက ရှူ ဆေးဘူးရှာကာ Fanyကို ရှူ စေလေရဲ့.......
ခဏအကြာ Fany သတိရလာတော့ Yulကို မြင်ပြီး အံ့သြနေလေသည်
"Yul ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလည်း 😨😨😨"
"ကျွန်တော် ဘယ်လိုဖြစ်ပြီ ဒီကို ရောက်လာလည်းဆိုတာ အရေးမကြီးဘူး အရေးကြီးတာက ဒါ......."Fany စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ အိတ်ထဲက ဆေးစာရွက်တစ်ချို့ကို Yul မြှောက်ပြပြီး မေးလိုက်သည်......
Fany မျက်လုံးပြူးသွားပြီး
"ဟင် အဲ့စာရွက်တွေကို Yul ကြည့်လိုက်တာလား........"Yul ခေါင်းညိတ်ပြပြီး
"ဟုတ်တယ် Tiffany သတိမေ့တုံးက ကြည့်မိတာ ဘာလို့ လိမ်ထားတာလည်း ကျွန်တော်တို့ကို Tiffanyရဲ့ ဦးနှောက်မှာ အကြိတ်ရှိနေတာကို ဘာလို့ မပြောတာလည်း Taeyeonကို မပြောချင်တောင် ကျွန်တော့်ကို ပြောလို့ရတယ်လေ....... ကျွန်တော်က Tiffanyရဲ့ အခင်ဆုံး သူငယ်ချင်း မဟုတ်ဘူးလား 😞😞😞😞"