ကျနော်အနောက်ကို လှည့်ကြည့်လိုက်တော့ Tae မရှိတော့ဘူး ဘယ်ရောက် သွားတာလဲ ပတ်ပတ် လည် ရှာပေမယ့် အရိပ်ယောင်တောင်မတွေ့…
ခေါင်းတွေလည်း မူးနောက်နေပြီ ကလေး ဘယ်ရောက်သွားတာလဲ ကွာ
လမ်းမပေါ်မှာ Tae လို့ အော်ခေါ်ရင် ရှာနေတဲ့ ကောင်လေးနဲ့ နှလုံးသားတစ်ခုလုံး ဆုံးရှုံးလိုက်ရပေမယ့် ချစ်ရသူ့၏ အချစ်ကို ပိုင်ဆိုင်သွားသော သူမှာ ညီလို ချစ်ရတဲ့ သူ ဖြစ်တာကြောင့်
ပြင်းထန်နေတဲ့ ခံစားချက်တွေကို မြိုသိပ်ကာ တစ်ယောက်တည်း လမ်းအပေါ်မှာ လျှောက်သွားနေတဲ့ ကောင်လေးတစ်ယောက်
သူတို့ နှစ်လုံးမှာ ကိုယ်စီ စိတ်သောက တွေ ရှိနေသော်လည်း ထိုလူသား နှစ်ယောက် လုံး ချစ်ရသော ကောင်လေးကတော့ အသိစိတ်မဲ့စွာ မသမာသူတွေ ဆွဲခေါ်ရာနောက်သို့ ………
…………
Tae ရယ် ကိုယ့် အချစ်ကိုတောင် ဖွင့် ပြောခွင့်မရလိုက်ပါလား
ပထမဆုံးအချစ်မှာ ဆုံးရှုံး လိုက်ရပေမယ့် Tae ချစ်တဲ့ kookie နဲ့ ပျော် ရွှင်နိုင်ဖို့ hyungဆုတောင်းပါတယ် ဒါပေမယ့်ကိုယ့် အခန်းထဲက Tae ပုံလေးတွေကို တော့ သိမ်းထားခွင့်ပြုပါတစ်ယောက်ထဲ လမ်းမပေါ် လျှောက်သွားနေရင်း လမ်းဘေးမှာ ကားပေါ်သို့ ဆွဲခေါ်သွားသော ပုံရိပ်အား မထင်မှတ်ပဲ တွေ့လိုက်ရစဉ်
ဟင် ဒါ Tae ဟုတ်တယ် Tae မှ Tae အစစ် ဘယ်လို ဖြစ်လို့ kookie နဲ့မဟုတ်ဘဲ
ဆွဲခေါ်သွားသော သူတွေကို မသင်္ကာတာနဲ့ Taxi တစ်စီးအမြန်ငှားကာ ထိုကားနောက်ကို လိုက်သွားလိုက်တယ်
jin: ဦးလေး အဲ့ကားနောက်ကို လိုက်ပေးပါ
jin: Hello kookie လား hyung ပါ
Kookie : nae hyung __
jin; kookie မင်းအခု ဘယ်မှာ လဲ ငါ Taeကို တွေ့လိုက်တယ် ကားတစ်စီးပေါ် ပါသွားတာ ပုံစံ ကြည့်ရတာ လည်း အသိစိတ်ပျောက်နေသလိုပဲ
Kook: ဗျာ hyung အခု ဘယ်မှာလဲ ကျနော် Tae ကို ရှာနေတာ
jin: အခု အဲ့ကားနောက် လိုက်နေတယ် hyung ဖုန်းကို ခြေရာ ခံပြီးလိုက်ခဲ့