မှောင်မဲနေသော လောကကြီးဟာ ဘယ်လိုများအေးစက်လွန်းလှတာလဲ။ ကျွန်တော်အစွမ်းကုန်အားသုံးကာ ရုန်းကန်နေသော်လည်း မလှုပ်နိုင်မရှားနိုင်။ အားအင်ချည့်နှဲ့နေခဲ့ကာ လူဟာ ကိုင်ပစ်ပေါက်ခံထားရသလို အထိမခံနိုင်။ သို့သော်လည်း ကျွန်တော့်အကြားအာရုံအသိထဲ တိုးတီးသံအချို့ရယ် ခန္ဓာကိုယ်ဆီက ပူစက်စက်ခံစားချက်နှင့်အတူ ဆိုးရွှားမွန်ထွန်လှသော အနံ့တို့ကြောင့် ကျွန်တော့်မျက်ခွံတို့ကို အားကုန်သုံးကာပင့်တင့်နေစေခဲ့တယ်။ ကမ္ဘာမြေကြီးဆွဲအားဟာ အဲ့လောက်အားကောင်းမှန်း မသိခဲ့ရာ ကျွန်တော့်မှာ အတွေ့အကြုံအသစ်လည်းရခဲ့ပြန်တယ်။
မျက်လုံးအစုံကို ဖွင့်လိုက်နိုင်တဲ့အချိန်ကျတော့ စူးရှသော အလင်းတန်းဟာ ကျွန်တော့်မြင်ကွင်းကို လုံးလုံးပျောက်ကွယ်သွားစေခဲ့တယ်။ ကျိန်းဆက်သွားသောအသိနဲ့အတူ မျက်လုံးတို့ကို ကျုံ့ရာဆန့်ရာ လုပ်လိုက်ရာမှ သိပ်မကြာခင်မှာပဲ ကျွန်တော့်အမြင်အာရုံဟာ ပြန်လည်ကြည်လင်လာခဲ့လေတယ်။ ဘေးပတ်လည်ကို အားရှိသလောက် လည့်လည်ကြည့်မိရာ ဆေးချိတ်ထားခံရသော ကျွန်တော့်လက်မောင်းကို အထင်ရှားဆုံးအရင်မြင်ခဲ့ရတယ်။ ကျွန်တော့်အရှေ့တည့်တည့်က စင်လေးပေါ်မှာ လေနွေးပေးစက်က အနွေးငွေ့များတထောင်းထောင်း ထနေသည်ကိုလည်း ကျွန်တော်မြင်လာရတယ်။ ပြီးတော့ ဘယ်သူမှမရှိတဲ့အခန်းကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်းပါလားဆိုတာကိုလည်း သတိထားမိလိုက်တယ်။ ဘယ်ကိုရောက်နေတာပါလိမ့်လို့ကိုယ့်ကိုကိုယ်မေးမိပြန်တော့ ဆေးရုံကိုရောက်နေသည်ဟု ကောက်ချက်ချမိလိုက်တယ်။ ဘာလို့လဲလို့ပြန်မေးမိပြန်တော့....
ဟာ...
Lu......?
ကမမ်းကတမ်းနာရီကို ကျွန်တော်ပြေးရှာကြည့်မိတယ်။ ကျွန်တော့်လဲလျောင်းအိပ်ရာလေးဘေးက စားပွဲခုံလေးအထက်တွင် အရံသင့်စောင့်နေသော စားပွဲတင်နာရီလေးကို မြင်လိုက်မိတယိ။ အချိန်ကိုကြည့်လိုက်မိတော့ 7:30....။ ည...။ ည... 7နာရီခွဲ...။ ညဘက်ရောက်နေပြီဟူသော အသိနဲ့အတူ နောက်ကျသွားပြီဟူသော အသိကအနောက်ကလိုက်ပါလေသောအခါ ကျွန်တော့်စိတ်တွေကြေကွဲခဲ့လေပြီ။ အခုတော့ ကျွန်တော်ပြေးလွှားကာ သူ့နောက်လိုက်ပါသော်လည်း မဖြစ်နိုင်တော့။ အချိန်တွေအနောက်ပြန်မဆုတ်နိုင်။ နမောတသစွာသော ခံစားချက်ကြီးနဲ့အတူ သက်ပြင်းရှည်ကြီးကို ချလိုက်မိလေတယ်။
YOU ARE READING
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"