Yi En Don't Leave Me
Part 9
ခန်းမ တစ်ခုလုံး ဘာပြောရမှန်းမသိအောင်ကို ငြိမ်သွားသည် အခုချိန်များ ဒီခန်းမထဲမှာ အပ်ကျရင်တောင် ကျသွားတဲ့ အပ်ရဲ့အသံကိုတောင်ကြားရနိုင်လောက်သည် တစုန့်မင်းသားရဲ့ လှည့်ကွက်က မင်းသမီး Park Jinnie မဟုတ်ပဲနဲ့ တခြားလူဖြစ်လိမ့်မယ်လို့ ဘယ်သူက ကြိုတင်တွက်ဆတတ်မှာလဲနော်😌😌
မင်းကြီး- Andweyo!!!! မင်းသားလေး...မဖြစ်နိုင်ပါဘူး
MH-ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ မင်းကြီး ကျွန်တော်မျိုးက ဖြစ်နိုင်တဲ့ အနေအထားပဲတောင်းဆိုတာပါ
မင်းကြီး-ဒါပေမယ့်....မင်းသားလေး...
MH-ဘာဖြစ်လို့ပါလဲ?? ကျွန်တော်တောင်းဆိုတာ တအား များသွားလို့လား??? ကျွန်တော်က မင်းသား Moonbin တစ်ယောက်ထဲကိုပဲတောင်းဆိုမိတာပါ မင်းကြီးရဲ့ ပလ္လင်ကိုလည်း မတောင်းဆိုပါဘူး နယ်မြေတွေလည်း မတောင်းဆိုပါဘူး မင်းင်္ကြီးက ကျွန်တော်တောင်းဆိုတာကို လက်ခံရင် ကျွန်တော့်ဘက်ကတောင် မင်းကြီးကို ပြန်ပေးဦးမှာ... ကျွန်တော်တောင်းဆိုတာက ဒီအတိုင်း နန်းတော်ထဲကလူတစ်ယောက်ထဲပါဗျာ..
မင်းကြီး-မင်းသား Xiao Zi Xu !!!!!! မင်းသားလေး လိုချင်တာ ဘာပဲဖြစ်ဖြစ် ကျွန်တော် အကုန်ပေးလို့ရပေမယ့် Moonbinကတော့ မရပါဘူး သူက ကျွန်တော့အတွကိ အသက်လိုချစ်ရတဲ့ညီလေးပါ
MH- Aww....ဟုတ်လား😂😂 ....အဲ့ဒါဆိုရင် မင်းကြီးမှာရော ကိုယ်ချင်းစာစိတ်ရှိလား ကျွန်တော်မေးချင်ပါတယ်
Kwanghee -မင်းသား Xiao Zi Xu.. စိုးရွံ့မိပေမယ့် ကျွန်တော် စကားဖြတ်ပြောပါရစေ ....မင်းသားဘက်က ကျေးဇူးပြု ပြီးတော့ စကားကို ဆင်ဆင်ခြင်ခြင်ပြောပေးပါလို့တောင်းဆိုပါရစေ ဒါက တစုန့် နန်းတွင်းမဟုတ်ပါဘူး Joseonနန်းတွင်းပါ ကျွန်တော်မျိုးတို့ တိုင်းပြည်က တစုန့်နဲ့ယှဉ်လိုက်ရင် အရမ်းသေးနုပ်ပေမယ့် တိုင်းပြည်ကိုတော့ ချစ်တဲ့စိတ်ရှိပါတယ် အခု မင်းသားရဲ့ အပြုမူက ကျွန်တော်တို့တိုင်းပြည်ကို စော်ကားတယ်ဆိုတာ မင်းသားသိသင့်တယ်လို့ ကျွန်တော်မျိုးထင်ပါတယ် ဒီစကားကို ကျွန်တော်မျိုးပြောလိုက်ရလို့ မင်းသားက ကျွန်တော်မျိုးကို ကွပ်မျက်မယ်ဆိုရင်တောင် လည်စင်းပေးဖို့အဆင်သင့်ပါ မင်းသား
YOU ARE READING
Yi En... Don't Leave Me
Fanfictionထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....