ချစ်ကြိုးသီတဲ့ ကျိန်စာ(15)

1.5K 140 18
                                    


ရာသီ ဥတု က သူ့သဘာဝ အတိုင်း နွေမိုးဆောင်းဟူ၍ ပြောင်းလဲ လာခဲ့သည်

အချိန်တွေ လည်း အများကြီး ကုန်လွန်ခဲ့တာ အခုဆို ၄နှစ် တောင် ရှိခဲ့ပြီ ကျနော်လည်း appa ရဲ့ ကုမ္မဏီကို ဦးစီးနေပြီ အရာရာ တိုင်းဟာ နေသားတစ်ကျဖြစ်ပေမယ့်

အခုချိန်ထိ နှလုံးသားက သူ့ကို လွမ်းဆွတ်မှု့တွေနဲ့ နာကျင်နေဆဲပါ ဘယ်လောက် ပဲ ချိန်တွေ ပြောင်းလဲနေပါစေကျနော် Tae ကို လွမ်းတဲ့စိတ်က လတ်ဆက်နေဆဲပဲ အခုချိန်ဆို ဘယ်တွေများ ရောက်လို့နေမလဲ Tae ရယ် ဖြစ် နိုင်ရင် ကိုယ့် စီကို ပြန်လာပေးနိုင်မလား ကိုယ် ရဲ့ နှလုံးသားက Taeက လွဲရင် ဘယ်သူမှ လက်မခံ နိုင်လို့ပါ

မိုး အုံ့မှိုင်းနေပြီး အေးမြတဲ့ လေအေးအေး ကို ဖြတ်ကာ ကျနော် မြို့ပြင်က ခြံကြီးဆီသို့ သွားရင် အတွေးတို့က ပြန့်လွင့်လျက် ...

အေးချမ်းတိတ်ဆိတ်တဲ့ နေရာတစ်ခု ပြီးတော့ ကြီးမားတဲ့ ခြံကြီးထဲမှာ နှင်းဆီ ပန်းများ အပြည့်နေရာယူထားသည်

ထိုပန်းခင်းကြီး အလယ်မှာ ပန်ူးပွင့်များကို တယုတယ ကိုင်ကာ ပြုံးနေတဲ့ hyung ...

jk: hyung !

ကျနော့်ခေါ်သံ ကြားတော့ ပြုံး ရင်း အနားရောက် လာတယ် hyungရဲ့ kookie ဆိုတဲ့ ခေါ်သံလေးတောင် မကြားရတာ ကြာပြီ

jk: hyungနေကောင်းလား သတိရလို့ လာတာ

တကယ်လားဆိုတဲ့ အမူအယာလေးနဲ့ အိမ်ထဲဝင်ဖို့ခေါ်တယ်

jin ............

hyungက coffee လား အအေးလား မေးတော့

jk: အအေးပဲပေးပါ

okဆိုတဲ့ ပုံစံလေး လုပ်ပြပြီး မီးဖိုခန်းထဲဝင်သွားတယ် ကျနော် Tae အတွက်နာကျင်နေသလို hyung အတွက်လည်း စိတ်မကောင်းဖြစ်မိတယ် စကားမပြောတတ်တော့တာကြောင့် ကုမ္မဏီကို သူ့ညီကို လွဲပေးပြီး ဒီလို အေးချမ်းတဲ့ နေရာမှာ hyungတစ်ယောက် ထဲ လာနေတယ် သူ့ ကို ဒီလိုမြင်ရတာ က အပြစ်သားတစ်ယောက် လို ရှင်သန်နေတာ ထက်စာရင် ကျနော် နည်းနည်းတော့ hyung အတွက် စိတ်သက်သာ ရာရတယ် ဒါပေမယ့် hyungကသူ့ ခံစားချက်တွေကို ဖွင့်ပြောလေ့ မရှိဘူး

'ချစ်ကြိုးသီတဲ့ ကျိန်စာ'Where stories live. Discover now