00

1.8K 85 0
                                    

အဖြူရောင်မြူနှင်းရဲ့နောက်ကွယ်က
လင်းရိပ်ဖြာရယ်
ဘယ်တော့များမှ တောက်ပစွာလင်းထိန်မှာလဲ??
လွမ်းဆွေးစွာမျှော်နေရတဲ့ ငါ့အဖို့
မင်းရဲ့ အလင်းပြပြဟာ
အိမ်မက်တစ်ခုလိုပါဘဲ...

×××××××××××××××××××××××××××××

December 25,2003

ခရစ်စမတ်ညဖြစ်တဲ့အလျောက်
Daegu ရဲ့ လမ်းတွေတိုင်းမှာ မီးရောင်တွေ
ထိန်လင်းလျက်....

တချို့သောလမ်းကြားတွေမှာတော့
အမှောင်ရိပ်ကိုခိုကာ
လူတချို့က မီးရောင်ကို
အဝေးကသာ ငေးကြည့်လျက်...

နှင်းစလေးများ ကျဲထားသောကြောင့်
လမ်းတိုင်းလိုလိုမှာ
နှင်းကြမ်းခင်းကြီး ခင်းထားလျက်...

စည်ကားသိုက်မြိုက်လှတဲ့ Haein လမ်းသွယ်မှာ ဖြတ်သွားဖြတ်လာများပေမဲ့
အဲဒီလမ်းရဲ့ လမ်းကြားလေးကိုတော့
ဘယ်သူမှ ဖြတ်လျှောက်ဖူးမည်မထင်

ထိုလမ်းကြားလေးထဲမှာ
၈ နှစ်အရွယ်ကလေးတစ်ယောက်ဟာ
ချမ်းအေးစွာနဲ့ တစ်ယောက်တည်း
ကြောက်ရွံ့စွာနေနေရတာကို
သူတို့တွေသိခဲ့ရင်ရော
ဒီလမ်းကြားကို သူတို့ ဖြတ်လျှောက်ကြမှာလား

ဆာလောင်မွတ်သိပ်ပြီးအထီးကျန်နေရရှာတဲ့ ကလေးတစ်ယောက်အတွက်
ဂုန်နီအိတ်ပါးက နွေးထွေးတဲ့စောင်တစ်ခုလိုပါဘဲ

မိဘ နှစ်ပါးဟာ ဘယ်သူဘယ်ဝါမှန်းတောင်မသိပေမဲ့
သူတို့တွေကို ရှာဖွေနေတဲ့ ကလေးတစ်ယောက်ရဲ့
ဘဝကို လူတွေသိခဲ့ရင်
သူ့ကို သနားနေမှာလား ကူညီပေးကြမှာလား

လမ်းကြိုလမ်းကြားတိုင်းမှာ လိုက်နေရင်း
သူများလွှင့်ပစ်ထားတဲ့ အစားအစာအကြွင်းအကျန်
လေးတွေကိုလိုက်စားရင်း ရှင်သန်ရတဲ့ သူ့ဘဝကို
သူလက်မခံချင်ပေမဲ့လည်း အမှန်တရားဆိုတာ
မေ့ထားလို့မှမရဘဲ...

တစ်နေ့နေ့...
သူ့ဘဝ လှပလာမယ့် တစ်နေ့နေ့...
မိဘတွေကို ဆုံနိုင်မယ့်တစ်နေ့နေ့...
အချစ်တွေရလာနိုင်မယ့်တစ်နေ့နေ့...
အဲ့ဒီ တစ်နေ့နေ့ ဆိုတာကိုဘဲ စောင့်မျှော်နေပြီး
အသက်ဆက်ရှင်သန်နေရုံသာ...

သူ့ရဲ့ အနာဂတ်ဟာ
သူမျှော်နေတဲ့ တစ်နေ့နေ့
သူလိုချင်တဲ့ မိသားစုဘဝနဲ့
လုံးဝကွာခြားနေတာကိုတော့
သူသိခဲ့မည်မဟုတ်ပါ...

ပြီးတော့ နောက်ငါးနှစ်အကြာ
ဒီလိုအချိန်
ခရစ်စမတ်ညဟာ
သူ့ဘဝကို
ပြောင်းလဲပေးမယ့်
ညတစ်ညဆိုတာကိုလည်း
သူသိခဲ့မှာမဟုတ်ပါ...

×××××××××××××××××××××××××××××

အချစ်ဖြင့်သာ... [Vmin/Jikook]Donde viven las historias. Descúbrelo ahora