မနက်မိုးလင်းလာတော့ Fany အိပ်ရာက နိုးလာတယ်...... အိမ်တံခါးဖွင့်လိုက်တော့ ကားတံခါးကို မှီပြီး ရပ်စောင့်နေတဲ့ Yulကို တွေ့လိုက်ရသည်.. ....
"Yul......."
"Tiffany နိုးလာပြီလား......"
"Yul ဘယ်အချိန်က ရောက်နေတာလည်း....."
"သိပ်မကြာသေးဘူး သက်သာရဲ့လား......"
"သက်သာပါတယ် Yul....."Fany ခေါင်းညိတ်ပြလိုက်ပြီး Yulကို အိမ်ထဲ ၀င်ဖို့ ဖိတ်ခေါ်လိုက်သည်......Fany ရေချိုးနေတုံး Fanyအတွက် မနက်စာ ပြင်နေတယ်......
Fany အ၀တ်လဲပြီး အခန်းထဲက ထွက်လာတော့......
"Tiffany အတွက် မနက်စာ ပြင်ထားတယ်.....စားပြီးမှ ကျောင်းသွားကြတာပေါ့....."
သူ လုပ်ပေးတဲ့ မနက်စာကို အားရပါးရ စားနေတဲ့ Fanyကို ကြည့်ပြီး Yul ပြုံးနေမိသည်.......သူတို့ နှစ်ယောက် ကျောင်းကို အတူလာတော့ ကျောင်းက ကျောင်းသားကျောင်းသူတွေ အားလုံးနီးပါး သူတို့ကို ကြည့်ပြီး တိုးတိုးတိုးတိုးနဲ့ ပြောနေကြသည်......
Fanyရဲ့ နားနှစ်ဖက်ကို Yul လက်နဲ့ အုပ်လိုက်ပြီး
"မကြားသလို ဟန်ဆောင်နေလိုက်ပါ....
.."Yulကို ပြုံးပြပြီး Fany ခေါင်းညိတ်လိုက်သည်...... Fanyကို သေချာ အတန်းထဲ လိုက်ပို့တယ်.....
"Bora......... မနေ့ကလို ဖြစ်ရင် ကျွန်တော့်ကို ဖုန်းအမြန်ဆုံးဆက်လိုက်ပါနော် ဒါက ကျွန်တော့်ဖုန်းနံပါတ်......"
"Nae......."
မနေ့ကလို ဖြစ်မည် စိုးရိမ်သောကြောင့် Boraကို သေချာ မှာနေလေသည်..........Fany အတန်းထဲက ထွက်လာပြီး ကန်တင်းဘက်ကို လျှောက်လာတော့ Sooyoungကတော့ Yulကို ခေါ်ပေမယ့် Taeyeonနဲ့အတူ Yoonaကတော့ Yulကို စိတ်ဆိုးနေပြီး စကားမပြောဘဲ နေလေ၏......
Yul ထိုင်လိုက်တော့ Taeyeon ထ ထွက်သွားတယ်.... Yoonaလည်း ထမယ် ဟန်ပြင်တော့ Yoonaရဲ့ လက်ကို Yulဆွဲလိုက်ပြီး
"ငါ့ကို မမြင်ချင်ဘူးဆိုရင်လည်း ပြောပါ........ ငါ မင်းတို့ဆီကို ဘယ်တော့မှ မလာတော့ပါဘူး........"Yul ထိုသို့ပြောပြီး ကန်တင်းက ထွက်သွားတယ်.....
"Yoona မင်း အဲ့ဒီလိုတော့ မလုပ်သင့်ဘူး......"
"Hyung....... yuri လုပ်ရပ်ကိုက မဟုတ်တာ.. ......ပြီးတော့ Tiffany...... သူက ဘာလည်း အချင်းချင်းကို စိတ်ဝမ်းကွဲအောင်နေသလိုကြီး......"
"အကြောင်းအရာ တစ်ခုကို သေချာမသိဘဲ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူးလေဟာ....."