လူတွေကပြောကြတယ်
"မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲရှိတယ်"
တဲ့ အစကဒီစကားက ကျွန်မအတွက် အဓိပ္ပာယ်
မရှိခဲ့ပါဘူး ဒါပေမယ့်
သူကိုစချစ်မိသွားတဲ့နေ့ကစပြီး
ဒီစကားလေးက ကျွန်မအတွက်မျှော်လင့်ချက်လေး ဖြစ်လာခဲ့တယ်တခြားသူတွေ အချစ်ကိုခံစားကြတယ်ဆိုတာ
ကျွန်မခံစားတာနဲ့များ ကွာခြားနေမလား
သေချာတာပေါ့ တစက်ကလေးမှမတူပါဘူးတချို့တွေက ပိုင်ဆိုင်ချင်လို့ ထိတွေ့ယုယမှုတွေခံချင်လို့ ဘဝတစ်ခုလုံးကိုချစ်ရသူနဲ့အတူတူ
ရွှေလက်တွဲပြီးဖြတ်သန်းချင်လို့ အဆိုးအကောင်း တွေ့ကြုံရသမျှအတူတူဖြေရှင်းချင်လို့
အချစ်ကိုကိုးကွယ်ကြတာတချို့ကရော ပေးဆပ်ပြီး အနစ်နာခံပြီး ဖြည့် ဆည်းပေးပြီး ဘေးကနေ တဖက်သတ်ချစ်ကြ
တာ အဖြည့်ခံအချစ်ပေါ့လေ"မင်းရောဘယ်လိုချစ်လဲ"လို့ကျွန်မကိုမေးရင်
ကျွန်မက ကောင်းကင်မှာတလက်လက်တောက်ပနေတဲ့ကြယ်လေးကိုချစ်တာ
မြင်နိုင်ပေမယ့် ထိတွေ့ခွင့်မရှိတာ ပိုင်ဆိုင်ခွင့်
မရတာ သန်းပေါင်းများစွာသောလူသားတွေနဲ့
သူ့ကိုမျှဝေကြည့်နေရတာ (ချစ်နေရတာ)"ဘယ်လို ဘယ်လို"
သူနဲ့ပက်သက်ပြီးပြောရရင်
သူကိုစတွေ့တုန်းက ကြည့်မရဘူး
ဒါပေမယ့်လေ သူ့အသံလေးကိုကြားတဲ့အခါ
သူ့အပြုအမူလေးတွေကို သတိထားမိတဲ့အခါ
သူ့အကြောင်းတွေသိလာတဲ့အခါ
သူ့ကို တဖြည်းဖြည်းချစ်မိသွားတာပဲသူကိုစပြီးရင်ခုန်တဲ့အချိန်လေးကိုဘယ်တော့မှမမေ့ဘူး
သူကိုစပြီးချစ်မိသွားတာ photo shoot vedio
တစ်ခုမှာလေ
သူကိုယ်တိုင် အစီအစဉ်မှူးလုပ်တာလေ
"ဘာလို့လုပ်တာလဲဆိုတော့ လုပ်ချင်လို့ပါ"တဲ့လေ သူအဲ့လိုပြောတော့ ပြုံးမိသေးတယ်ကလေးဆန်တာလေးက ကျွန်မနှလုံးသားကို
တီးခေါက်လိုက်တာ ဖြစ်မှာ
![](https://img.wattpad.com/cover/118625512-288-k978481.jpg)