သူ့အတွေး သူ့အမြင်

322 22 1
                                    

အိုဘယ့်အစိမ်းတို့မြေ

သင့်လူ

အင်း သူကအများအားဖြင့်တော့ ဘာသာပြန်တွေရေးတာ

တခါက အကိုဖတ်ဖူးတယ်ပြောသလားလို့ရော

ဒီတစ်အုပ်ကတော့

သူကဆရာဝန်ပဲရော အခု ကျန်းမာရေးစီမံကိန်းဘက်မှာလုပ်နေတယ်ထင်တယ် အင်း ထားပါတော့

အင်း..

ဇာတ်လမ်းနောက်ခံကတော့ ဖယ်ခုံဒေသကိုအခြေတည်ထားတာ

မူရင်းစာရေးသူက မြန်မာပြည်ကပဲ သူကတော့အင်္ဂလိပ်လိုရေးတာ

ဆရာကဘာသာပြန်တာ

ဇာတ်လမ်းကတော့ အဲ့ဒီက ဒေသခံအကြီးအကဲမျိုးရိုးကောင်လေးရဲ့ ဘဝဖြတ်သန်းမှုတွေပါပဲ

ငယ်ဘဝကနေဆယ်ကျော်သက်ထိမှာ

သူတို့ရိုးရာဓလေ့တွေအကြောင်း

ဒေသနောက်ခံအခင်းအကျင်း စသည်ဖြင့်

ကယား

အင်း စကားကိုဖြတ်ဖြတ်ပြော

နောက် ဆယ်ကျော်သက်ဘဝမှာ သူ့ဘဝလမ်းတွေကိုလျှောက်ရတော့မယ်ဆိုတော့ သင်းအုပ်ဆရာသင်တန်းကျောင်းသားဘဝ

မန္တလေးတက္ကသိုလ် အင်္ဂလိပ်စာမေဂျာကျောင်းသားဘဝ

အဲ့ဒီမှာ သူ့ရဲ့ရုန်းကန်ရပုံတွေ ပညာရေးအမြင်နဲ့ဘဝဖြတ်သန်းမှုတွေ

နောက်တော့ ကျောင်းတွေပိတ် အရေးအခင်းတွေဖြစ်တော့ မြန်မာပြည်ကထွက်ဖို့ကြိုးစား၊ ဗကသထဲရောက် နယ်စပ်ကနေပြီး အင်္ဂလန်ထိရောက်ဖို့ ဖြတ်သန်းမှုတွေ

အင်္ဂလန်ရောက်ပြန်တော့ မြန်မာကျောင်းသားတစ်ယောက်ရဲ့

ပညာသင်ကျောင်းသားဘဝ

ဆရာဘာသာပြန်ပုံက အလေးကြီးမဟုတ်ဘူး ပေါ့ပေါ့ပါးပါး ခပ်သွက်သွက်ပဲ

မူရင်းစာအုပ်ကလည်း တောင်အာရှအကောင်းဆုံးစာပေဆုလားမသိဘူးရထားတော့ အတော်လေးကောင့းတယ့

ကျနော်အရင်ကထင်ခဲ့တဲ့ အယူအဆတစ်ခု ပိုသေချာသွားတယ်ထင်မိတယ်

ပင်ကိုယ်ဗီဇနဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း

မိသားစုထဲ တစ်ယောက်ထဲကွက်ထူးချွန်တာ တောရွာကလေးနေ ဘယ်လိုဘာညာ

Something like that

အဲ့သလိုလူတွေမှာ အများအားဖြင့် သူတို့ကကိုယ်လ်ုသူလိုသမားတွေမဟုတ်ကြဘူးထင်ရတယ်

ဒီမိသားစုထဲမှာပဲ သူ့ရဲ့နေထိုင်ပြောဆိုတွေးခေါ်ပုံက

နည်းနည်းတော့ ကိုက်တယ် သူ့အောင်မြင်မှုနဲ့

အခုလည်း ဒီလိုပဲ

အကြီးအကဲသားကအကြီးဘဝနဲ့ရိုးရာဓလေ့တွေထဲနေနေရာကမပြီးသွားဘူး

သူကျောင်းသားဘဝ အခက်အခဲတွေကြုံရတယ် မပြီးသွားဘူး၊ မရပ်ပစ်ဘူး

စာဆိုတာ စာလိုကျက်ဖြေတာမျိုး မဖြစ်သင့်မှန်းသိတယ်

ဒါမယ့် သူကအောင်ချင်တယ် တော်ချင်တယ် ဒီတော့ကျက်မှအမှတ်ပေးတာမျိုးဆို ကျက်လိုက်ရတာ်

ရောက်လေရာဖြတ်သန်းမှုတိုင်းမှာ သူကထူးချွန်သူ

ခေါင်းဆောင်

သူ့နဂိုကိုယ်ရည်ကိုယ်သွေးကိုက smart ဖြစ်တဲ့ အခြေအနေနောက်ခံပါလာသလားလို့ရယ်

အဲ့လောက်ပါပဲ

ဖတ်ကောင်းတယ်

တော်တော်လေးကြိုက်တယ်

အင်း ကြိုက်ပါ့မလားတော့မပြောတတ် ဘယ်လိုကနေဘယ်လိုလိုမျိုး ဇာတ်လမ်းဇာတ်ကွက်တော့မပါဘူး

အင်း အကိုကျနော့်ကိုစကားပြောပေးနေတာလား ကျနော်ကအကို့ကိုနားထောင်ပေးနေရတာလား မသဲကွဲတော့ဘူး

HAS

Mmyaoistory

သူ့အတွေး သူ့အမြင်Where stories live. Discover now