01

1.4K 79 5
                                    

မှောင်မိုက်တဲ့ညတစ်ညဟာ
ငါ့ကိုအထီးကျန်စေတယ်...
မိုးသဲ့သဲ့ တိမ်ညိုတွေက
ငါ့ကို ဝမ်းနည်းစေတယ်...
ကြင်သူကိုလိုက်ရှာနေတဲ့
ဥဒေါင်းငှက်ရဲ့ အလွမ်းတေးသံက
ငါ့ကို ငိုကြွေးစေတယ်...
မင်းမရှိတဲ့ ဒီနေရာ
မင်းမရှိတဲ့ ဒီအချိန်တွေက
ငါ့ကို နာကျင်စေတယ်...

×××××××××××××××××××××××××××××

December 25,2008

"We wish you a merry christmas
We wish you a merry christmas
We wish you a merry christmas
And happy new year....🎶🎶"

ခရစ်စမတ်ညအထိမ်းအမှတ်အနေနဲ့
တေးသံသာတွေက ပျံ့လွင့်လျက်

မိုးနတ်မင်းရဲ့ အလိုတော်အရ
မိုးပေါ်မှ ကြွေကျလာတဲ့ နှင်းပွင့်တွေရဲ့ အောက်မှာ
လူတွေဟာ အပြုံးကိုယ်စီနဲ့ ကခုန်လျက်..

လမ်းမကြီးထက်မှာ ဆော့ကစားနေတဲ့
ကလေးတွေနဲ့ သူတို့မိဘတွေ
ပျော်ရွှင်နေတာကို
သူကတော့
လမ်းကြားလေးမှ ငေးကြည့်နေရုံသာ...

သူ့အတွက်မိသားစုလား?
ရှိခဲ့ဖူးတာပေါ့
ဒါပေမဲ့ အဖေနဲ့ အမေတော့မဟုတ်ပါ

မိဘမဲ့ဂေဟာက
ညီအစ်ကိုမောင်နှမတွေနဲ့
သူတို့ကို ထိန်းကျောင်းပေးတဲ့သူတွေသာ...

သူလူမှန်းသိတတ်စအရွယ်ကတည်းက
မိဘမဲ့ဂေဟာကိုရောက်ခဲ့တာလေ

သူ့မိဘတွေအကြောင်း
သူဘယ်လို မိဘမဲ့ ဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်း
သူဘယ်လို ဒီဂေဟာကိုရောက်ခဲ့တယ်ဆိုတဲ့အကြောင်း
သူတစ်ခုမှမသိခဲ့ပါ

သူသိတာဆိုလို့
သူ့နာမည် Kim Taehyung နဲ့
သူ့မွေးနေ့ကိုသာ

သူနေခဲ့တဲ့ မိဘမဲ့ဂေဟာလေးကို
ဖွင့်ခဲ့တဲ့သူက Mrs.Yoo ပေါ့

Mrs.Yoo က
ပုံနှိပ်လုပ်ငန်းအသေးစားလေးဖွင့်ထားပြီး
အဲ့လုပ်ငန်းကရတဲ့ငွေနဲ့
မိဘမဲ့ကလေးတွေကို
ထောက်ပံ့ပေးခဲ့တာပေါ့

Mrs.Yoo ကကြင်နာတတ်တယ်
သနားတတ်တယ်
ကလေးတွေကိုလည်းသိပ်ချစ်တယ်

Mrs.Yoo ရဲ့မိဘမဲ့ဂေဟာက
အချိန်တိုင်း ကလေးတွေရဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်ခဲ့တယ်
သူကိုယ်တိုင်လည်း
ပျော်ခဲ့ရတယ်

အချစ်ဖြင့်သာ... [Vmin/Jikook]Where stories live. Discover now