^ဘယ်သူသိမလဲ
အရင်းနှီးဆုံး မိတ်ဆွေတွေလို
ရယ်ရယ်မောမော
စကားပြောနေကြတဲ့
သူနှစ်ယောက်ရင်ထဲမှာ
သိုဝှက်ထားတဲ့
နက်ရှိုင်းတဲ့အချစ်တွေရယ်
နာကျင်မှု
အပိုင်းအစတွေရယ်
ရှိလိမ့်မယ်လို့
ဘယ်သူကထင်မလဲ^👣👣👣Walk on Memories👣👣👣
*hyung ပိန်သွားတယ် အလုပ်တွေအရမ်းမလုပ်ပါနဲ့တော့
ကျတော်တို့လည်း ငယ်တော့တာမဟုတ်ဘူး ဂရုစိုက်ဦး
hyungကိုအခုဆို အလုပ်သရဲလို့တောင်ခေါ်နေကြပြီ သိလား**ဟားဟား အဲ့တာကhyungက Jonginကိုပြောရမှာပါနော် အသက်ကဖြင့်40ကျော် 5oနားကပ်နေပြီ အက,သင်တုန်းဆို ငယ်ငယ်တုန်းကလည်း ခြေထောက်တွေထိထားတာ နားလိုက်တော့တာမဟုတ်ဘူး အဲ့တာကို သင်တန်းကျောင်းဖွင့်ပြီး အကသင်နေတယ် အငယ်တွေကိုပဲ သင်ခိုင်းတာမဟုတ်ဘူး*
*ဟာ Sehun ကတော့ တိုင်လိုက်ပြန်ပြီထင်တယ်
အကဆိုတာ ကျတော့ဘဝဆိုတာhyungလည်းသိရဲ့သားနဲ့
အသက်တွေကြီးလာလို့ ကျတော်တို့အဖွဲ့တွေ အနုပညာအလုပ်တွေရပ်နားခဲ့ရပေမယ့် ကိုယ်တတ်နိုင်သလောက်တော့ အငယ်တွေအတွက် ထောက်ပံ့ပေးချင်တာပါ ပြီးတော့ကနေရင် ကျတော်တို့ရဲ့တစ်ချိန်ကအမှတ်တရတွေကို ပြန်တွေးမိပြီး သိပ်ပျော်တာပဲhyungရယ် အဲ့အချိန်တွေလွမ်းလိုက်တာနော်*Hyungရဲ့မျက်ဝန်းဝိုင်းဝိုင်းလေးထဲ အရည်အချို့ဝေ့လာလို့
hyungကလေ အရင်တိုင်း ချစ်ဖို့ကောင်းတုန်းပဲ
မျက်လုံးလေးတွေကလည်းဝိုင်းနေတုန်း အသားအရေတွေဟာအနည်းငယ်တွန့်လာပေမယ့် အပြုံးတွေနဲ့တောက်ပနေတုန်းပဲ ပြီးတော့ အနက်ရောင်တွေကြိုက်နေတုန်းပဲ အခုလည်း အပေါ်အောက်အနက်ပဲ အင်္ကျီကြယ်သီးတွေ လည်စေ့တပ်လို့ ဘောင်းဘီအောက်နားတွေခေါက်ထားတုန်း.........အသက်အရွယ်အရ
ကျတော့တို့ အနုပညာအလုပ်တွေရပ်နားခဲ့ရပြီ ကိုယ်စီ ကိုယ်စီ ကိုယ်ပိုင်အလုပ် ကိုယ်ပိုင်မိသားစုတွေ
ရှိနေကြပြီ အချင်းချင်းတွေ့ဖို့ကတောင် မလွယ်ကူတော့ဘူး
ဒါပေမယ့်ကျတော်တို့ အဆက်အသွယ်မပြတ်ရှိနေကြတုန်းပဲ တစ်ချိန်က ပုံရိပ်တွေဟာ ကျတော်တို့ကို ကြည်နူးမိစေတုန်းပဲ
YOU ARE READING
👣👣👣Walk On Memories👣👣👣
Fanfiction*တစ်ချိန်က နာမည်ကြီးခဲ့တဲ့ dika ဆိုတဲ့otpလေးတစ်ခုကို သူတို့မေ့လောက်ရောပေါ့* #One Short~dika#