Someone Like You

875 71 5
                                    

My Dear Sooyeon ~~~~

ငါတို့မတွေ့ရတာတော်တော်ကြာခဲ့ပြီနော်

အခုတလော နင့်သတင်းတွေ ငါကြားနေရပါတယ်

နင်အမြဲတမ်းနေချင်ခဲ့တဲ့ မြူတွေအုပ်ဆိုင်းနေတဲ့

တောင်ပေါ်မြို့ကလေးမှာ နင်နေသားတကျရှိနေပြီတဲ့

စိမ်းစိုနေတဲ့မြက်ခင်းတွေပြည့်နေတဲ့ ခြံလေးရဲ့အလယ်က

နေချင်စဖွယ်သစ်လုံးအိမ်လေးက နင့်အိမ်လေးတဲ့လေ

ဟိုအရင်တုန်းက အိမ်ဒီဇိုင်းတွေဆွဲနေတဲ့အခါတိုင်း

ငါ့ဘေးနားမှာထိုင်ပြီး သစ်လုံးအိမ်ဒီဇိုင်းလေး

ဆွဲပေးပါလားလို့ပူဆာနေတတ်တဲ့ နင့်ကိုသိပ်လွမ်းတယ်

ငါမကောင်းဘူးနော် နင်လိုချင်တဲ့ အိမ်ဒီဇိုင်းလေးကို

ဆွဲပေးဖို့ တစ်ခါမှအားလပ်တယ်ဆိုတာမရှိခဲ့ဘူး

ရယ်စရာကောင်းတာတစ်ခုက နင်နဲ့ငါလမ်းခွဲပြီး

၃နှစ်ကြာပြီးတဲ့အချိန်မှာတော့ နင်လိုချင်တဲ့ဒီဇိုင်းလေးကို

ငါဆွဲလို့ပြီးသွားခဲ့တယ် ဒါပေမယ့်လည်း

အိမ်ကလေးရဲ့ပိုင်ရှင်က ငါ့အနားမှာမရှိတော့ဘူးလေ

နင်တို့မြို့ကလေးမှာ ချယ်ရီပင်တွေသိပ်ပေါတယ်တဲ့

ပန်းကလေးတွေကိုချစ်တတ်တဲ့ နင့်အတွက်တော့

အဲ့ဒီမြို့ကလေးက နိဗ္ဗာန်ဘုံကလေးဖြစ်နေမှာပေါ့

ပန်းကြိုက်တတ်တဲ့ချစ်သူကို ပန်းစည်းမပြောနဲ့

ပန်းတစ်ပွင့်တောင်မပေးဖူးခဲ့တဲ့ ငါ့ကြောင့်

နင်စိတ်မကောင်းဖြစ်ခဲ့ရမှာပေါ့နော် ...

"ကလပ်မှာ သွားကကြရအောင်လေ" လို့ပြောတဲ့

နင့်စကားကိုတော့ ခါးခါးသီးသီးငြင်းဆန်ခဲ့ပြီး

ရေပေါ်ဆီအသိုင်းအဝိုင်းရဲ့ ပညာရပ်ဆန်တဲ့စကားတွေနဲ့

နင်အမြဲငြီးငွေ့နေရတတ်တဲ့ partyမျိုးကိုတော့

Someone Like YouWhere stories live. Discover now