Law Of Love

6.2K 420 29
                                    

            Two Shot ( Yaoi )

"လူကြီး"
နားထဲသို့ စူးခနဲဝင်​လာ​သောအသံ​လေး​ကြောင့်​ မျက်​​မှောင်​အလိုလိုကျုံမိလျက်​သား

ပြောရမည်​ဆိုလျှင်​ ထိုအသံ​စူးစူး​လေးသည်​ လွန်​ခဲ့​သောတပတ်​က ကုန်​တိုက်​တခုသို့သွားခဲ့ရာမှ စတင်ခဲ့တာဖြစ်​သည်​။

ထို​နေ့က.....
"Yeol~~~ah..... xiu hyungကသူ့computerဘာဖြစ်​သွားလဲမသိလို့ မင်းကိုလာကြည့်​​ပေးဖို့​ပြောခိုင်းလိုက်​တယ်​"

ရုံးခန်းထဲသို့ ဝင်​လာရင်း ​ပြောသည့်​ Daeစကား​ကြောင့်​ကျ​တော်​ ​ခေါင်းညိတ်​ရင်း​မေးလိုက်​သည်​။

"အ​ရေးကြီးတဲ့file​တွေထိသွားလို့လား"

"Omm..ဟုတ်​မယ်​ထင်​တယ်​ သူ့လုပ်​ငန်းကသိတဲ့အတိုင်းတခုခုဆို အများကြီးသွား​တော့မှာ​လေ ဒီ​နေ့ပဲသွား​ပေးလိုက်​ပါကွာ မင်းလဲဘယ်​မှသွားစရာမရှိတာကို"

"​တော်​ပါ Dae ရာ ဖားချင်​ရင်​ဖားချင်​တယ်​​ပေါ့စကားလုံးလှ​အောင်​မသုံးစမ်းပါနဲ့"

"ဟာ!..ဒီ​ကောင်​!"

တဟားဟားရယ်​ရင်းထွက်​​ပြေးလာတဲ့ ကျ​တော့်​ကိုကြည့်​ရင်း Daeအာပြဲက​တော့​မေတ္တာ​တွေပို့လျက်​.......

*Aww....Park Chanyeol ဘဝမှာလဲဒီလိုဟက်​ဟက်​ပက်​ပက်​ရီတဲ့ အချိန်​​တွေရှာသား*

Xiu Hyungရဲ့ mall​ရောက်​​တော့ကျ​တော့်​ရဲ့အကျင့်​အတိုင်းရိုးရိုး​လှေကားကပဲတက်​လာခဲ့​သည်​။

*ကျ​တော်​က လူရှုပ်​ရင်​မကြိုက်​ဘူး​လေ*

ရုတ်​တရက်​ အ​ပေါ်ဘက်​ဆီမှ အင့်​ခနဲပြုတ်​ကျလာ​သောဖြူလွှလွှပုံရိပ်​​လေးတစ်​ခု
ပြုတ်​ကျမှာစိုး၍ ကျ​တော်​စီးဖမ်းထားလိုက်​ရင်း....

"ဟိတ်​!"

ရင်​ခွင်​ထဲမှ တကိုယ်​လုံးတုန်​ရင်​​နေသည့်​​ကောင်​​လေးအား ခပ်​ဆတ်​ဆတ်​ပုတ်​ပြီး​ခေါ်လိုက်​​တော့ မျက်​ရည်​အဝိုင်းသား​လေးနဲ့ထို​ကောင်​​လေးက ​မော့ကြည့်​လာခဲ့ရင်း ထိုက​လေးရဲံ့ လိုင်နာခြယ်ထား​သော​​မျက်​ဝန်းညိုတို့က ကျ​တော့မျက်​နှာ​ပေါ်တွင်​ တစိုက်​မတ်​မတ်​ငြိမ်​သက်​သွားကြသည်​။

Law Of Love Where stories live. Discover now