အားလုံး Page-12ကိုလှန်ပါ"ဟုတ်"
နေ့လည်ခင်း အတန်းချိန်သည် မေဂျာဆရာ၏ ခပ်တိုးတိုးအသံဖြင့် စတင်ကာ ပျင်းရိခြင်းတို့ မင်းမူလျက်
မေဂျာချိန်မို့ ပိုဆိုးသည်ဆိုရမလား
ဘောပင်ကျသံကိုပင် အထူးအဆန်းလုပ်ပြီး တစ်ခန်းလုံးလှည့်ကြည့်ကြသည်ကိုယ်တိုင်လည်းစိတ်မဝင်စားတာမို့ ဟိုခြစ်ဒီခြစ်ဖြင့်သာ အချိန်ကုန်စေရပြီ ခါတိုင်းလို ပတ်ချန်းညောလ်ရှိပါက ပျင်းချိန်တောင်မရှိ သူ့တဖက်သတ်ချစ်ရသူ ဒိုဂျောင်ဆူးအကြောင်း လုံးကြီးပတ်စေ့ ပေါက်ပေါက်ဖောက်နေလိမ့်မည် မဆီမဆိုင်ကျောင်းမလာသော သကောင့်သားအား စိတ်ထဲမှကျိန်ဆဲမိသည်
ဒီကောင်ဘာလို့မလာတာပါလိမ့်? အယ်ဟုတ်သား!
အခုမှသတိရတယ် မနက်ခင်းကလည်းအလတ်ကြီးပါ
လစ်တာပဲနေမှာ အစုတ်ပလုတ်ညောလ်!တီ..တီ..တီ!
ရုတ်တရက် ထမြည်သော မက်ဆေ့ခ်ျသံသည်
အတန်းသားတို့ အပျင်းပြေစရာဖြစ်သွားလားမဆိုနိုင် ရီစရာမပါဘဲ တခွီးခွီး ခွီနေကြသည်
ဆရာကလည်း ဂျိုပေးလာသဖြင့် ချန်းညောလ်မူပိုင်ထုံးကို မှီငြမ်း၍ အစွမ်းကုန်ဖြီးပြလိုက်ရသည်...မက်ဆေ့ခ်ျကို ကြည့်တော့
"အား.....လုပ်ကြပါဦး ဂျောင်ဆူးနဲ့တွေ့တယ် ငါဘယ်လိုတောင် ကံတွေကောင်းနေတာလား ဆေးရုံလမ်းထိပ်က Cafeမှာ .......
ဂျောင်လေး ဖျော်ရည်ဝယ်နေတာတွေလို့ငါလည်း လိုက်ဝယ်တာ ဟာာ...အဲ့ဆိုင်က လီမွန်တီး အဲ့လောက်ကောင်းမှန်းမသိခဲ့ဘူး အိုက်စ်...ကောင်းလိုက်တာ"စာနဲ့အတူ ခိုးရိုက်ထားဟန်ရှိသော
ဂျောင်ဆူးအအေးမှာနေပုံမွန်တီးထိုင်သောက်နေပုံတို့သည်
် တ တီ တီ! ဖြင့် ဝင်လာရာ
တခန်းလုံး၏ရယ်သံများနှင့်အတူ
ဆရာ့ဂျိုကြည့်အား ဒုတိယအကြိမ် လက်ဆောင်ရလိုက်သည်ဂါး......!ကောင်းကျိုးမပေးတဲ့အကောင်!
သို့လော သို့လောဖြင့် နေ့လည်ချိန်များအပြီး
ပြန်ရန် အခန်းမှအထွက်"ယွန်းလေးရေ အချစ်ဆုံးကြီးရေ RCထိုးပေးလိုက်တယ်မလား"
ဆီးချိုရှိသူများကြားလျှင် တစ်ခါတည်းသွေးတိုးနိုင်လောက်အောင် ချိုအီနေသောအသံဖြင့် လာခေါ်နေသည်မို့ လက်ထဲမှစာအုပ်နဲ့ တဖြန်းဖြန်းရိုက်ရင်း