"Do kyung soo မင်းအပြစ်ကို မင်းသိတယ်နော်"
အနည်းငယ်မာထန်နေသည့်စကားသံဖြင့်
ဖွားဖွားကြီးဘက်ကစကားစလာတော့
kyung sooကျောလေးမတ်ခနဲဖြစ်သွားရ၏။
ဖွားဖွားကြီးဆိုတာ ဘယ်တုန်းကမှ ခုလိုလေသံမာမာနဲ့kyung sooကို ပြောဆိုဖူး
ခဲ့ခြင်းမှမရှိတာလေ။"သား ရှင်းပြတာကိုနားထောင်ပါအုံးဖွား တကယ်တော့ကိုကိုကလေ…"
"တိတ်စမ်းKyunggie ကိုကို ကိုကိုနဲ့ ပေါက်ကရတွေမပြောစမ်းနဲ့"
ကျွန်တော့်စကားမှမဆုံးသေးကြားဖြတ်ဝင်ဟန့်
သည့်ဖွားဖွားကြီးကသိပ်ကိုစိတ်တိုနေပုံရ၏။"မြေးပြောနေတဲ့ ကိုကိုဆိုတဲ့ အဲ့ကလေးက
ဘယ်အတန်းအစားကမှန်းမသိဘဲ အတင်းတွယ်ကပ်နေတာ jong inလေးနဲ့
ရုပ်တူလို့ဆိုတဲ့အကြောင်းပြချက်တဲ့လား
လူမြင်မကောင်းလိုက်လေခြင်း Do shin miရဲ့
မြေးက လူလယ်ခေါင်မှာ ရိုမန့်ဆန်ဆန် ဖက်ယက်နေတာကလဲ ဘယ်လို
လူစားမှန်းမသိတဲ့သူနဲ့တဲ့ အရှက်ခွဲရက်လေခြင်း"အတန်းအစား!အခုဖွားဖွားကြီးက ကိုကို့ကို
ဘယ်အတန်းအစားမှန်းမသိဟုပြောလိုက်
တယ်လား!အဆင့်အတန်းခွဲခြားရေးဝါဒီသမား
ဖွားဖွားကြီးက အခုလဲ ကိုကို့ကို အထင်သေးနေပြန်ပြီထင်ရဲ့ ဘယ်လိုလုပ်မလဲ
ကျွန်တော်အတွက်ကလေ အဆင့်အတန်းထက် ကိုကို့အနားနေခွင့်ရဖို့ပိုအရေးကြီးနေတာ……"အခုအဆင့်အတန်းခွဲချင်နေတာလားဖွားဖွား
ကြီး""အဆင့်အတန်းဆိုတာ ပါးစပ်ကပြောရုံသက်သက်ရှိခဲ့တဲ့စကားစုမှ
မဟုတ်ခဲ့ဘဲမြေး""ဒါဖြင့်ဖွားက အဆင့်အတန်းကိုဘာနဲ့တိုင်း
တာလဲ ဥစ္စာပစ္စည်းတွေနဲ့အဆင့်အတန်းကို
တိုင်းရတာလား ဟင့်အင်း မဟုတ်ဘုး တကယ်တော့ အဆင့်အတန်းဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူအပြောအဆိုနဲ့
တိုင်းတာတယ် ဖွားအခုပြောနေပုံအရ ကိုယ့်အဆင့်အတန်းမထောက်သလိုဖြစ်..""Do kyung soo!"
"kyunggieကလေး!!"
ပြောလက်စ စကားလေးဟာ အသံနှစ်သံကြောင့် အလိုလိုတိမ်ဝင်သွားရသည်မို့ ဆက်ပြောဖို့ရာ
ရပ်ထားလိုက်၏။ကျွန်တော်ပြောတာ လွန်သွားသော်လည်းမှန်နေတာဘဲမို့ ဖွားဖွားကြီးအား တောင်းပန်ဖို့မလုပ်မိ တိုက်တိုက်ဆိုင်ဆိုင်ရောက်ချလာသော dae hyungကလဲ ကျွန်တော့်စကားကြောင့် အံ့သြနေသည်လေ။ကျွန်တော့်ဘေးဝင်ထိုင်
လျက် ဖွားဖွားကြီးအား တောင်းပန်ပေးနေပြန်သည်။