ရှိန်း အခန်းတံခါးကို ဖြည်းသထက်ဖြည်းအောင်ဖွင့်လိုက်သည် ဘေးဘီဝဲကြည့်တော့ ကုတင်ထက်မှာ စောင်ချုံကာ အိပ်နေသော ရိုင်းကိုသူတွေ့သည်။ ရှိန်းသတိထားမိသည်က ရိုင်းအခန်းတံခါးဖွင့်လိုက်သည်နှင့် ပိုးသတ်ဆေးအနံ့ရသည်။ရှိန်း ပြုံးနေမိသည် ရိုင်းဆိုသည်က အရမ်းအသန့်ကြိုက်သူဖြစ်သည် အခန်းထဲရှိပစ္စည်းအားမည်သူမျှထိတာမကြိုက် ထိမိလျှင်လည်း ချက်ချင်းဆိုသလိုပိုးသတ်ဆေးဖြင့်ဖြန်းသူဖြစ်သည် ။
ရှိန်း ရိုင်းကုတင်ဘေးသို့ ခြေသံလေးတရှက်ရှက်ဖြင့်လျှောက်လာခဲ့သည် ။ ရိုင်းကိုနှိုးရမည်ကလည်းခက်လန့်လန့်ပေ။ ရှိန်းလက်ချောင်းကလေးဖြင့် အရိုင်းလက်မောင်းလေးကို တို့ကာ
"
ကိုကြီးး ထတော့လေ မနက်မိုးလင်းနေပြီး breakfastတူတူစားကြရအောင်လား ဟင် " ရှိန်းပြောနေသည့်စကားအားလုံး အရိုင်းကြားပါသည် အရိုင်းတဖက်သို့စောင်းအိပ်ကာ ရှိန်းအားကျောခိုင်းလ်ုက်သည်
ရှိန်းကလည်းလွယ်လွယ်နှင့်လက်မလျော့တက်သူမို့ ရိုင်းဘေးနားဝင်xလိုက်သည် ။
ရိုင်းချက်ချင်းလိုပင်ထထိုင်လိုက်သည် ။ " ဟားးးး တွေ့လား သိသားပဲ ညီအဲ့လိုအိပ်ရင် ကိုကြီးထထိုင်မယ်ဆိုတာသိလို့ တမင်ဝင်တာ ဟွန့် " အိပ်လျှက်သားအနေအထားဖြင့် သဘောကျရယ်မောနေသူကရှိန်းဖြစ်သည်။ ရိုင်းသတိမထားမိသည်က ရှိန်းအဲ့လောက်ထ်ချစ်ဖို့ကောင်းမယ်မှန်းရိုင်းမသိခဲ့ ရှိန်းကလေးဆန်တာသူသိသည် ငယ်ငယ်လေးကတည်းက ကိုကြီးကိုကြီးဖြင့်ခေါ်ကာပတ်ချွဲရပ်ချွဲလုပ်တတ်သည် ။ရိုင်းစိတ်ဆိုးသည်များဘယ်ရောက်သွားသည်မသိ။မြန်မာနိုင်ငံပြန်ရောက်သည်အထိ ရိုင်း ရှိန်းက်ုသေချာတခါမှမကြည့်ခဲ့
ရှိန်းကမိန်းမချောချောသည်။ ဆံပင်ကိုအဖြူရောင်ဆိုးထားတာ ဟိုက်လိုင်းဖောက်ထားတာက မင်းသားရှုံးသည်။ရယ်လိုက်လျှင်လည်းပါးချိုက်လေးဖြင့် ရှိန်းကတော့ လှသထက်လှနိုင်သူကြီးပေါ့
ရှိန်းအားငေးကြည့်နေသော အရိုင်းအား " ဟင် ကိုကြီးဘာဖြစ်သွားတာလဲ " ရှိန်းလက်ကလေးဖြင့် ရမ်းပြမှ ရိုင်းအသိစိတ်ဝင်သွားသည် " အော်
ပြောစရာရှိတာဒါပဲမလား ငါ့ကိုအိပ်ယာကထစေချင်တာမလား ထပြီ သွားတော့အခု " ရိုင်းကစကားပြောတာပြတ်သည် ကိုယ်ပြောချင်တာသာပြောတတ်ပြီးတဖက်သားရဲ့စိတ်ခံစားချက်က်ူအလေးမထားသူဖြစ်သည် ။ရှိန်းအတွကါမထူးဆန်းတော့သည်မို့ ရှိန်းစိတ်မကောင်းလည်မဖြစ်တော့ပါ ခေါင်းလေးငြိမ့်ပြပြီး အခန်းကထွက်လာခဲ့လိုက်သည်။ ရှိန်းပျော်ပါသည် ကိုကြီးရှိန်းက်ုစကားအများကြီးပြန်ပြောခဲ့သည်။ကိုကြီးအသားကိုလည်းရှိန်းထိခွင့်ရသည်။ကိုယ်ကြီးကိုယ်သင်းနံလေးကိုရှိန်းကြိုက်သည်။ဟျောင့် ရှိန်း မင်းကလည်းကြာလိုက်တာကွာ "
ကန်တင်းမှ လက်ရမ်းပြကာ နှုတ်ဆက်လိုက်သူက ရှိန်းသူငယ်ချင်းကောင်းခန့်ဖြစ်သည်။ " လာပါပြီကွ လောလိုက်တာ ဘာလဲ ဘိုင်ပြတ်နေပြန်ပြီလား "
မင်းမသိလို့လားကွာ သူကဘိုင်ပြတ်တာထက်စောနဲ့ပြတ်လို့ညစ်နေတဲ့အကောင် " စိုးသူကကြားဖြတ်ဝင်ပြောလိုက်မှ ရှိန်းတယောက်စိတ်ဝင်စားတဲ့မျက်နှာလေးဖြင့် လွယ်ထားသည့်ကျောပိုးအိတ်အားချွတ်ကာ ပေါင်ပေါ်တွတင်တင်လိုက်သည် " ဘယ်စော်နဲ့ပြတ်တာလည်းပြောပါအုန်းး ဟဟဟ " ရှိန်း လှောင်ရယ်လိုက်သည် " ကောင်းခန့်ကစိတ်မဆိုးပေ ပြောမနာဆိုမနာသူငယ်ချင်းမို့ "
မင်းကလည်းကွာ ဖဲ့ဖို့ကြီးပဲ "
စိုးသူက ထိုင်ခုံကထရပ်ကာ " ဒါဆိုဒီညကလပ်ဒိုးပြီး ကဲမယ်ဟျောင့် " အမူအရာလေးဖြင့်ကပါကပြနေသည် ။ " ဟာ မရဘူးကွ ငါ့ကိုကြီးပြန်ရောက်နေတယ် အဲ့ဒါ ကျွတ် " ခေါင်းလေးကိုကုပ်ကာ ရှိန်းတယောက်စိတ်ညစ်နေသည်။
မင်းကလည်း သူရှိတာဘာဖြစ်လည်း
ရှိတော့ကော မင်းကိုဖုတ်လေတဲ့ငပိ ရှိတယ်တောင်ထင်လို့လားကွ " ကောင်းခန့်က စကားအဖြစ်သာပြောလိုက်သော်လည်း ရှိန်းတယောက် ခေါင်းလေးကိုငိုက်ကျကာစိတ်မကောင်းဖြစ်သွားသည် အခြေအနေမဟန်မှန်းစိုးသူသတိထားမိသည်။ " ကယ် ညစ်မနေကြနဲ့ ဒီလိုလုပ်ကြမယ် အသဲကွဲတဲ့လူကော မိသားစုအရေးပါခဏမေ့ထား ဒီညကလပ်သွားကြရအောင် ဟုတ်ပြီးလား
လက်မထောင်ကာသွားကြီးကိုဖြဲကာရယ်ပြနေသည်
အော် ဒီအရက်သမားကတမျိုးးရှိန်းနဲ့ ကောင်းခန့်ပြိုင်တူအော်ဟစ်ကာ ဆိုင်မှထထွက်လာခဲ့သည်
ဟဲ့ နေကြအုန်းလေ ဟဲ့ ရှင်းအုန်းလေ အော် "
အိတ်ကပ်ထဲမှ ၁၀၀၀တန်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်သည်ညီလေးရေ ခုံပေါ်မှာတင်ခဲ့ပြီနော်
ိ
أنت تقرأ
ကျွန်တော်ကဗီလိန် ( Yaoi )
عاطفيةအမေ အမေ ဆိုပြီး အဆက်မပြတ်အော်ခေါ်ရင်း ဧည့်ခန်းထဲသို့ ရှိန်းတယောက်အသည်းအသံပြေးလာခဲ့သည်။ ရှိန်းဆိုတာကတော့ ဓနရှိန်းပေါ့ ဆေးတက္ကသိုလ်ရဲ့ပထမနှစ်ဆေးKingလေးဆိုလဲမမှားပါဘူး ။ချောမောပြေပြစ်လှတဲ့ရုပ်ရည်နဲ့ချစ်ဖို့ကောင်းလှတဲ့အမူအရာတွေပိုင်ဆိုင်ထားသောသူ ဧည့်ခန်းထ...