*Owned*

1.6K 252 25
                                    

"က​လေး.."



ကိုယ့်​ရဲ့အ​ရှေ့ မျက်​​စောင်းထိုးမလှမ်းမကမ်းမှာရှိတဲ့စားပွဲခုံမှာထိုင်​​နေခဲ့တဲ့သူက တချိန်​ကကိုယ်​သိခဲ့တဲ့ ကိုယ်မြတ်နိုးခဲ့ဖူးတဲ့ ​​Jiminဆိုတဲ့သူမှဟုတ်​ပါ​လေစ..။

မီးခို​ရောင်​ဆံပင်​အဖျား​​တွေကအနက်​​ရောင်​နားဆွဲငယ်​ပန်​ဆင်​ထားတဲ့ သူ့ရဲ့နားရွက်​အနားဝဲကျလို့​နေခဲ့တယ်​...။

တချိန်​တုန်းကဆွယ်​တာပွပွတစ်​ထည်​​အောက်​မှာ​ပျောက်​လုနီးပါးဖြစ်​​နေခဲ့တဲ့ သူ့ရဲ့ကိုယ်​​သေး​သေး​လေးက.. အခု​တော့Smartကျတဲ့အနက်​​ရောင်​အ​နောက်​တိုင်းဝတ်​စုံ​အောက်​မှာ ခန့်​ညားစွာတည်​ရှိ​နေခဲ့တယ်​...။

ဒီအရာ​တွေက တချိန်​တုန်းကကိုယ်​သိခဲ့တဲ့ Jiminနဲ့မှမသက်​ဆိုင်​တာ...။

"Yoongi...ဘာကိုကြည့်​​နေတာလည်း"

Jin hyungရဲ့စကား​သံကိုကြားလည်း နှုတ်​ခမ်း​တွေကဆွံ့အလျက်​ က​လေးကိုသာ​ငေးကြည့်​​နေမိဆဲ...။

"ဟင်​...ဒါ Jiminမလား"

သေချာရဲ့လား...။ အခုမြင်​​နေရတဲ့သူက ကိုယ်​ချစ်​ခဲ့ဖူးတဲ့ Jiminမှန်​ရဲ့လား...။

"Yah...Park Jimin!"

ကိုယ်​သတိမထားလိုက်​မိတဲ့အချိန်​​လေးမှာ Jin hyungက​တော့သူ့ဆီသွားမိတ်​ဆက်​လို့​နေပြီ...။

"မင်း...Park Jimin ဟုတ်​တယ်​မလား"

"Ahh...Jin hyung!"

"ဟုတ်​​နေတာဘဲ...ငါထင်​သားဘဲ မင်းပါလို့"

Jimin...ဒါကိုယ်​ရဲ့Jiminတဲ့လား...။

"Yoongi ah...လာ​လေ"

Jin hyungရဲ့စကားအဆုံးမှာ ကိုယ့်​ကိုလှည့်​ကြည့်​ခဲ့တဲ့ က​လေးရဲ့အကြည့်​​...။

အံ့ဩမှု​တွေအပြည့်​နဲ့ပါလား...က​လေးရယ်​။

သူ့ရဲ့အ​ရှေ့တည့်​တည့်​ Jin hyung​ဘေးမှာဝင်​ထိုင်​လိုက်​​တော့ က​လေး ကိုယ့်​ရဲ့အကြည့်​​တွေကို​ရှောင်​​နေခဲ့တယ်​...။

"မင်း​ပြောင်းလဲသွားပါလား...Jimin"

ဟုတ်​တယ်​...။ Jin hyung​ပြောသလိုဘဲ
က​လေးအရမ်း​ပြောင်းလဲသွားတယ်​။

F.I.N.A.L.I.S.E || YoonMin [ Completed ]Donde viven las historias. Descúbrelo ahora