1

1.7K 113 16
                                    


                                 🌻🌻🌻

Soshi​အထက်​တန်းကျောင်းဝန်းထဲ
သို့​ ခပ်မိုက်မိုက်ဒီဇိုင်းတွေနဲ့
ကောင်​မ​လေးငါး​ယောက်​
ဘယ်​သူ့မှဂရုမစိုက်​တဲ့ဒီဇိုင်းနဲ့
ဝင်​လာကြသည်။

ရှေ့ဆုံးကတစ်​ယောက်​မှာ
ဆံပင်​ရွှေ​ရောင်​ကိုအဖျားမှာ
ပန်း​ရောင်​ဆိုးထားသည်..
ကျောင်းဝတ်​စုံမှာလဲကုတ်​
အင်္ကျီကိုမဝတ်​ပဲလက်​ညိုးနဲ့
ချိတ်​ကာပုခုံး​ပေါ်တင်​ထား၏။

ပါးစပ်​ထဲမှာလဲ lollipopကို
ငုံထား​သေးသည်​..သူမ​ရဲ့နောက်​မှ​
လေး​ယောက်​ကလဲ ထို့နည်းတူပင်​။

သူတို့က​တော့Soshiအထက်​တန်း​
ကျောင်းရဲ့နာမည်​ကြီးလူဆိုးမ​လေးများ
Taeyeonနဲ့အဖွဲ့ပါပဲ....

(တကယ်​တော့ဗြန်းပတာအဖွဲ့😪)

သူတို့အဖွဲ့လာ​နေပြီဆိုတခြား
ဘယ်​သူမှ​ရှေ့ကဖြတ်​မ​လျှောက်​
ရဲပါဘူး..သူတို့လာ​နေတဲ့လမ်းတစ်​
လျောက်​လူကိုရှင်းလို့ရယ်။

ဒါပေမယ့် အဲ့တာဟာအရင်က
ဖြစ်ပါလေ့မယ်..ယခုအချိန်တွင်
တော့ခပ်မိုက်မိုက်ဒီဇိုင်းတွေနဲ့
ပါးစောင်မှာlollipopကိုငုံထား
တဲ့သူမတို့ဟာ ပါးစပ်ကလေးတွေ
ဟပြီး ကျောက်ရုပ်ဖြစ်နေပါတော့
သည်။

အကြောင်းမှာကား....

ကားပါကင်​နေရာဘက်​က
​နေ​ကောင်​မ​လေးတစ်​ယောက်​
ခပ်​သုတ်​သုတ်​လျောက်​လာ၏။

လေး​ထောင့်ကျတဲ့​မျက်​မှန်​အထူကြီးနဲ့
ဆံပင်​ကလဲဖြီးသင်​လာခဲ့ရဲ့လားမသိ
ခပ်​ပွပွရယ်..လက်​ထဲမှာစာအုပ်​လေး
အုပ်​လောက်​ကိုပိုက်​၍​ခေါင်းငုံ့​လျောက်​
လာတာTaeyoenတို့ကိုလဲမြင်​ပုံမ​ပေါ်​ပါ။

​ရှေ့က​နေဖြတ်​လျောက်​သွား
တဲ့ ပုံတုံးတုံးနဲ့တစ်​ယောက်​ကို
ကြည့်​ပြီးTae​yeonသူမသူငယ်​ချင်း​
လေး​ယောက်​ထံမှရေရွတ်​သံတချို့
ကြားလိုက်​ရတယ်။

" ဘာလဲ...အဲ့​တစ်​ယောက်​က "

" အော်ဟော..ငါတို့​ရှေ့ကဖြတ်ရဲတယ်​ပေါ့ "

Taeyeonကတော့ဘာမှမ​ပြော​
သေးပဲစုပ်​လုံး(တုတ်​ထိုးချိုချဉ်​)
ကိုဘယ်​ဘက်​ပါး​စောင်​က​နေ
စတိုင်နဲ့မလိုင်နဲ့ညာဘက်​ကို​
ပြောင်းငုံလိုက်​တယ်​..။
ပြီးတော့ခုနက​ကောင်​မ​လေးကို
ကြည့်​နေလိုက်​တယ်​..​။

My Baby Fighter Where stories live. Discover now