*Lie pt-2*

1.6K 215 17
                                    

"Oppa...!"



"Eunji..?"

"အကြာကြီး​စောင့်​လိုက်​ရလား..?"
"​တောင်းပန်​ပါတယ်​​နော်​...ကားပိတ်​​နေတာနဲ့​နောက်​ကျသွားတာ"

"ဒါနဲ့...ဒီoppaက ဘယ်​သူ...?"

ဘေးနားဝင်​ထိုင်​လိုက်​ရင်း​မေးလိုက်​တဲ့ Eunjiရဲ့အ​မေး​ကြောင့်​ Hyungကိုလှမ်းကြည့်​လိုက်​မိတယ်​...။

ကျွန်​​တော်​ဘာဆက်​လုပ်​သင့်​လည်း Hyung...။

"​အော်​...အရင်​တုန်းကရင်းနှီးခဲ့ဖူးတဲ့ Hyung..."
"နှုတ်​ဆက်​လိုက်​​လေ...Min yoongiတဲ့"

ဆုံးဖြတ်​ချက်​တခုကိုခိုင်​ခိုင်​မာမာချလိုက်​မိတဲ့အချိန်​မှာ တုန်​လှုပ်​မှုမရှိ​တော့တဲ့စကားတို့က ပါးစပ်​က​နေလွယ်​လွယ်​ကူကူထွက်​လာသား​နော်​...။

"Ahh....Annyeonghasaeyo Lee Eunji mida"

ကျွန်​​တော့်​ကိုကြည့်​​နေခဲ့တဲ့ Hyungမျက်​၀န်း​တွေရင်​မဆိုင်​ရဲ​တော့လို့ အကြည့်​​တွေကိုEunjiဆီကိုသာပို့ထားလိုက်​မိတယ်​...။ ကျွန်​​တော့်​မျက်​၀န်းထဲက မျက်​ရည်​စ​တွေHyungမမြင်​ပါ​စေနဲ့...။

"က လေး...မဟုတ်​ပါဘူး..."
"Jimin က Eunjiနဲ့ဘယ်​လိုပတ်​သက်​..."

Hyungစကားအဆုံးမှာ ကျွန်​​တော့်​ကိုလှည့်​ကြည့်​​နေတဲ့ Eunji...။

တောင်းပန်​ပါတယ်​ Hyung...။
ကျွန်​​တော့်​ကိုစိုက်​ကြည့်​​နေခဲ့တဲ့ Hyungရဲ့အကြည့်​​တွေ...။ အနည်းငယ်​တုန်​ရီ​နေခဲ့တဲ့ Hyungရဲ့အသံ​တွေကို ကျွန်​​တော်​လျစ်​လှူရှုလိုက်​ပါ​ရ​စေ...။

"Eunji က ကျွန်​​တော်​မကြာခင်​လက်​ထပ်​​တော့မယ့်​မိန်းခ​လေးပါ"

ကျွန်​​တော့်​စကားကိုကြား​တော့ Eunjiကအလန့်​တကြားနဲ့ကျွန်​​တော့်​ကိုစိုက်​ကြည့်​​နေခဲ့တယ်​ Hyung...။ အံ့ဩမှု​တွေနဲ့အတူ ​ပျော်​ရွှင်​​နေခဲ့တဲ့မျက်​၀န်း​တွေနဲ့​ပေါ့...။

"Oppa...ဘယ်​သွားမလို့လဲ"

"သန့်​စင်​ခန်းခဏ..."

ကျွန်​​တော့်​နှလုံးသားကထင်​သ​လောက်​မရင့်​ကျက်​ခဲ့ဘူးထင်​တယ်​...။ တဆစ်​ဆစ်​နာကျင်​လာတဲ့ဘယ်​ဘက်​ရင်​ခွင်​နဲ့ မျက်​၀န်းထဲပြည့်​နှက်​​လာခဲ့တဲ့မျက်​ရည်​စ​တွေက Hyung​ရှေ့မှာဆက်​မ​နေနိုင်​​လောက်​​အောင်​​ပျော့ညံ့​စေတယ်​...။

F.I.N.A.L.I.S.E || YoonMin [ Completed ]Where stories live. Discover now