ပူပြင်းလှတဲ့ Apirlလရဲ့ နွေမနက်ခင်းတစ်ခု ...။
တနလာင်္နေ့ဖြစ်တာကြောင့် မြို့ထဲက
လမ်းတိုင်းလိုလိုမှာ မနက်ပိုင်းအလုပ်သွားသူတွေနဲ့
ပျားပန်းခတ်တမျှ ရှုပ်ထွေးစည်ကားလို့နေသည် ။
အများစုကတော့ ရုံးချိန်မှီအောင် သူ့ထက်ငါအပြိုင်
ခပ်သုတ်သုတ် ပြေးလွှားလျက်ရှိနေကြသည် ...။ထိုအထဲတွင် Seoul National Hospital
Emergency Departmentမှ ဆရာဝန်မလေး
Kwon Yuriလည်း တစ်ယောက်အပါအဝင်ဖြစ်သည် ။
ပုံမှန်ဆိုရင် နောက်မကျတတ်ပေမယ့် ညက
သူငယ်ချင်းတစ်ယောက်ရဲ့ BD partyမှာ
အမူးသောက်မိတာကြောင့် ဒီနေ့မနက်ကျတော့
တော်တော်နဲ့မထနိုင်ပဲ အလုပ်နောက်ကျနေခြင်းဖြစ်သည် ။Yuriနေတဲ့တိုက်ခန်းရှိတဲ့လမ်းသွယ်ကလေးကနေ
ထိပ်ကိုထွက်လိုက်လျင် လမ်းမကြီးပေါ်က
မှတ်တိုင်လေးနှင့် သိပ်မဝေးတော့ချေ ... ။
လစာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့်
ဟိတ်နဲ့ဟန်နဲ့မနေတတ်တဲ့သူဖြစ်တာမို့လို့
သူများတွေ ကားအကောင်းစားတွေစီးနေတဲ့အချိန်မှာ
Yuriကတော့ ဘတ်စ်ကားတိုးစီးလို့နေဆဲပင် ...။Yuriအိမ်ကနေထွက်ပြီး လမ်းထိပ်မရောက်ခင်မှာပဲ
စီးနေကျဘတ်စ်ကားကြီး ဖြတ်သွားတာကို
လှမ်းတွေ့လိုက်ရသည် ... ။ ဒုက္ခပဲ ... ။
ထိုကားလွတ်သွားလျင် နောက်တစ်စီးက
နောက်ထပ်ဆယ်မိနစ်လောက်နေမှ ရောက်လာမှာ ... ။
အဲ့ဒီလိုသာဆို ပိုနောက်ကျဖို့ပဲရှိသည် ... ။
ရှေ့ကဖြတ်သွားတဲ့ကားကိုမှီဖို့ Yuriတစ်ယောက်
ဖနောင့်နဲ့တင်ပါးတသားတည်းကျတဲ့အထိ
နောက်ကနေပြေးလိုက်သွားခဲ့သည် ... ။လမ်းသွယ်ကလေးကနေ လမ်းမကြီးပေါ်အတက်
ထောင့်ချိုးတစ်နေရာအရောက်မှာတော့
ဆန့်ကျင်ဘက်ကနေပြေးလာတဲ့ လူတစ်ယောက်နှင့်
Yuri အရှိန်ပြင်းစွာ ဝင်တိုက်မိတော့သည် ... ။တိုက်မိတဲ့အရှိန်ကတော်တော် ပြင်းတာကြောင့်
နှစ်ယောက်သား ပက်လက်လန်ကာလဲကျသွားခဲ့သည်
Yuri လက်ထဲမှာကိုင်လာတဲ့ ဖိုင်ထဲက
စာရွက်တို့ကလည်း ပလက်ဖောင်းပေါ် ပြန့်ကျဲသွားသည်'Ya ... မျက်လုံးမပါဘူးလား ...
လူတစ်ယောက်လုံးကိုဝင်တိုက်ရသလား ...'
STAI LEGGENDO
You are my everything to me
FanfictionWe fall in LOVE by CHANCE ... We stay in LOVE by CHOICE ...