Part 10

189 29 1
                                    

Yi En Don't leave me

Part 10

Jinyoungလည်း မင်းကြီးရဲ့အမိန့်ကြောင့် တစုန့်မင်းသား တည်းခိုရမယ့် အဆောင်ကိုလိုက်ပြဖို့အတွက် သွားနေရပေမယ့် စိတ်ထဲမှာတော့ Minghaoသူ့ကို မမှတ်မိလို့ ဝမ်းနည်းသလိုလို ခံစားနေရသည်...

အဆောင်တော်ရှေ့ရောက်တော့

JY-ဒါ မင်းသား နေရမယ့် အဆောင်ပါ မင်းသား အဆောင်ရဲ့ မျက်နှာချင်းဆိုင်က ကျွန်တော့်ရဲ့အိပ်ဆောင်ပါ မင်းသား လိုတာရှိရင် အချိန်မရွေး ပြောလို့ရပါတယ် ..မင်းသားက ဟိုးအဝေးကြီးကနေခရီးနှင်လာရတာဆိုတော့ အရမ်းပင်ပန်းနေမယ်ဆိုတာ ကျွန်တော်သိပါတယ် ..ကျွန်တော်မင်းသားကိုမနှောင့်ယှက်တော့ပါဘူး... အေးအေးချမ်းချမ်း အနားယူပါ မင်းသား

မြားတစ်စင်းလိုပဲ မှာစရာရှိတာတွေကို တစ်ချက်ပြီးတစ်ချက် မနားမနေပြောသွားတဲ့ Jinyoungကို ကြည့်ပြီး Minghao ပြုံးလိုက်မိသည်.. ထိုအပြုံးရဲ့နောက်မှာကပ်ပါလာတဲ့ တစုန့်မင်းသား Zi Xuရဲ့ စကားလေးတစ်ခွန်းကြောင့် Jinyoungရဲ့ခြေလှမ်းများရပ်တန့်သွားခဲ့သည်..

MH- Jinyoung Hyungnim...

နှစ်ပေါင်းများစွာ မကြားဖြစ်ခဲ့တဲ့ ထို နာမ်ပုဒ်ကလေးကြောင့် Jinyoungလည်း တစုန့်မင်းသားကို ပြန်လှည့်ကြည့်လိုက်ပြီး..

JY- မင်းသား Zi Xu, ကျွန်.. ကျွန်တော့်ကို ဘာ..ဘာလို့..Hyungnimလို့ ခေါ်တာလဲ????

MH- Hyungnimက Jinyoung Hyungnimမို့လို့.. ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်တော့ကို ကျောပိုးပြီး ပန်းခင်းတွေထဲ လျှောက်ပြေးခဲ့တဲ့ Minnieရဲ့ Hyungမို့လို့😓😓.. Minnie ခေါ်လိုက်တာပါ

Jinyoung မျက်ရည်တွေဝဲလာပြီး... သူ့ရှေ့က ကောင်လေးရဲ့ ကလေးဘဝက မျက်နှာလေးကို မြင်ယောင်လာမိသည်.. လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက အရမ်းချစ်စရာကောင်းပြီး လူကြီးတွေကိုကပ်ချွဲနေတဲ့ Minghaoလေးတောင် မျက်စိတစ်မှိတ်အတွင်း ဒီအရွယ်ရောက်လာပြီပဲ.... လူကြီးလေးဆန်လာလို့လားတော့မသိ ငယ်ငယ်က မျက်နှာပုံစံလေးနဲ့တော့ သိပ်မဆင်တော့ပဲ ရုပ်ကလေးပြောင်းသွားသလိုပင်...

JY- Minnieya...

MH- Hyungnim.

တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလိုက်ကြပြီး.. ဝမ်းသာစိတ်ကိုယ်စီဖြင့် မျက်ရည်များပါ စီးကျလျက်.....

Yi En... Don't Leave MeWhere stories live. Discover now