Plz, Fly To Me

3.7K 327 76
                                    

ဒီFicလေးက Behind My Eyes Fiction Book အတွက် ရေးပေးခဲ့တာပါ။ အချိန်အခက်အခဲကြောင့် အတော်လေး ကသုတ်ကယက် နဲ့ရေးပေးခဲ့ရတာလေးဆိုတော့ သည်းခံပြီး ဖတ်ပေးကြပါနော်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ညတစ်ညအကြောင်း ကျွန်တော့်ခေါင်းထဲက လုံးဝထုတ်ပစ်ပြီးမေ့လျော့ထားဖို့  နေ့စဉ်နဲ့အမျှ ကြိုးစားနေခဲ့ရသည်။

ကြိုးစားလေလေ.. ထိုညဟာ.. ပိုပြီးအသက်ဝင်လာလေလေ။

~~ ဟင့်အင်း.. ချစ်တာပါ.. ကျွန်တော်.. Hyungကိုချစ်တာ . ~~

တည်တည်ငြိမ်ငြိမ်ပြောလိုက်သည့် သူ့စကားသံ နားထဲပြန်ရောက်လာတော့ ရှေ့က စားပွဲခုံကို ဗျန်းကနဲ အသံမြည်အောင် ပုတ်လိုက်မိသည်။

လက်ဖဝါးဆီမှ စပ်ဖျဉ်းဖျဉ်း  နာကျင်မှုက ဒေါသတွေအဖြစ်  တစတစကူးပြောင်းလာသည်။

ကျွန်တော်ဘာကို ဒေါသထွက်ပြီး ခံရခက်နေသလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင် မသိတော့.. ။

သူ့အချစ်ဆိုတာက...အစွန်းတစ်ဖက်ရောက်အောင် အေးခဲနေတာ..... ။

မုန်းစရာကောင်းလောက်အောင်ကို.... ။

××××××××

လေဆိပ်ရောက်ပြီးမှ YiXing အွန်လိုင်းမှတဆင့် ဝယ်ယူခဲ့သော လက်မှတ်က နောက်ထပ် ကိုးနာရီကြာပြီးမှ ထွက်ခွာမည့် လေယာဉ်ဖြစ်နေမှန်းသိလိုက်ရသည်။

ခရီးစဉ်တစ်လျှောက်လုံးလည်းပင်ပန်းနေတာကြောင့် YiXing ကို ဘာတစ်လုံးမှ စောဒက မတက်နိုင်တော့ပဲ.. သူစီစဉ်ပေးသည့် မိတ်ဆွေအိမ်မှာသာ ခဏသွားနေဖို့ခေါင်းညိတ် လိုက်ရသည်။

လေဆိပ်နဲ့နီးနီးနားနားဖြစ်တာကြောင့် ဟိုတယ်မှာမတည်းချင်တဲ့ကျွန်တော့်အတွက် ပိုလို့တောင် အဆင်ပြေသွားသည်။

Xing:" Luhan.. ရောက်ပြီ.. ဒီအိမ်ပဲ.. "

ကားမှန်ထဲကနေ သူမေးဆတ်ပြရာ လှမ်းကြည့်မိတော့ သာမာန်နှစ်ထပ်အိမ် ခြံဝန်းလေးကိုသာတွေ့ရသည်။

ညမှောင်နေပြီဖြစ်သော်လည်း ထုံးစံအတိုင်း.. mask ပြန်တပ်ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆွဲချရင်းကားပေါ်မှ ဆင်းလိုက်သည်။

Hyung, Please Fly To MeWhere stories live. Discover now