Zawgyi
တနေ့ Chan Yeol. ကျောင်းသို့ရောက်သောအခါ Do Kyung Soo ကကျောင်းသို့ရောက်နေပီဖြစ်သည်ဝီရိယ ကောင်းလိုက်တာဟု Chan Yeol စိတ်ထဲတွေးလိုက်မိသည် ထို့နောက် "Good Morning "ဟု Do Kyung Sooကို နှုတ်ဆက်လိုက်သည်
"အွန်း Mornee"ဟု ပြန်ဖြေလေသည် အွန်းReplyရတော့ အခြေအနေမဆိုးဟု Chan Yeolတွေးလိုက်မိသည်
ထို့နောက် ခုံမှာဝင်ထိုင်လိုက်ပီး Kyung Sooဘက်ကို တစ်ချက်လှည့်ကြည့်မိသည်
Kyung Sooကတော့ နားကြပ်တပ်ကာ သီချင်းနားထောင်ပြီး ပြတင်းပေါက်ကိုငေးကြည့်နေသည်
ထိုအခါ Chan Yeolအတွက် အခွင့်ရသွားပြီး Kyung Sooကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ကာ စူးစမ်းနေတော့သည်
Kyung Sooဆိုတဲ့ကောင်လေးက မျက်ခုံးထူထူတန်းတန်းလေးရှိတယ်
မျက်လုံးတွေက အရမ်းတည်ကြည်ပြီးပြတ်သားတယ် နွေးထွေးတဲ့ပုံစံလေး
အင်းနှာခေါင်းကတော့လုံးလုံးလေးပဲဝါး နှုတ်ခမ်း..သူ့နှုတ်ခမ်းလေးက သူ့မျက်နှာမှာဆွဲဆောင်မှုအရှိဆုံးပဲ ရီလိုက်ရင်တော်တော်လှမှာ အခုတော့ပြုံးတောင်ပြုံးတတ်ရဲ့လားမသိပါဘူး ဟုChan Yeolတွေးနေသည်
ထို့နောက်အတန်းတက်ခေါင်းလောင်း အချက်ပေးသံမြည်လာသည် ထိုအခါမှ Chan Yeolအသိဝင်လာပြီး Kyung Sooကိုကြည့်တာ ရပ်တော့သည်
*****************
ဒီလိုနဲ့ အတန်းချိန်တစ်ချိန်ပြီးတစ်ချိန်ပြီးကာ အားကစားအချိန်သို့ရောက်လာသည်ကျောင်းသားများက Chan Yeolကို သွားကစား
ရန်ခေါ်ကြလေသည်Chan Yeolကမကြာသေးခင်ကမှ ပြောင်း လာတာပေမယ့် ဆက်ဆံရေးကောင်းမွန်သဖြင့်
အတန်းထဲမှာ မခင်တဲ့သူမရှိသလောက် ရှားပါသည် သူကပျော်လည်းပျော်တတ်သေးသောကြောင့် အတန်းထဲသာမက ကျောင်းကလူတော်တော်များများနှင့် သိကျွမ်းနေပီး ဖြစ်သည်
VOCÊ ESTÁ LENDO
Infinity[Completed](Z+U)
FanficChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3