🗓 လွန်ခဲ့တဲ့ငါးနှစ်က ~~~
Kwon Yuriဆိုတာ ဆေးကျောင်းဆင်းခါစ
အလွန်တက်ကြွပြီး အလုပ်ကြိုးစားတဲ့
အလုပ်သင်ဆရာဝန်ပေါက်စလေးဖြစ်သည် ... ။
အရေးပေါ်ဌာနရဲ့ ရှုပ်ထွေးခက်ခဲလွန်းတဲ့တာဝန်တွေကို
ပျော်ပျော်ကြီးထမ်းဆောင်နေတဲ့သူလေးဖြစ်သည် ... ။ထိုနေ့က ... အရေးပေါ်ဌာနမှာ Yuriတို့
အလွန်တရာအလုပ်များလွန်းတဲ့နေ့ဖြစ်ခဲ့သည် ... ။
ကားaccidentတစ်ခုကြောင့်ရောက်လာတဲ့
လူနာတွေကများပြားလွန်းနေတာကြောင့်
တခြားဌာနတွေကတာဝန်ကျဆရာဝန်တွေကပါ
လာရောက်ကူညီပေးရတဲ့အထိဖြစ်နေခဲ့သည် ... ။ထိုနေ့က Taeyeonရဲ့အမေဖြစ်သူက
သွေးတွေအန်ပြီးသတိလစ်လဲကျသွားတာကြောင့်
Yuriတို့ရဲ့အရေးပေါ်ဌာနသို့ရောက်ရှိလာခဲ့သည် ...။
accidentလူနာတွေကိုအသက်လုနေရသဖြင့်
Taeyeonတို့သားအမိကိုဘယ်သူကမှ
အရေးမလုပ်နိုင်အောင်ဖြစ်နေကြသည် ... ။လူကြောက်တတ်တဲ့ အထက်တန်းကျောင်းသူလေး
Taeyeonမှာတော့ သူ့အမေကိုကုသပေးမယ့်သူကို
မျှော်ရင်းနဲ့ ငိုနေရုံသာတတ်နိုင်တော့သည် ... ။
တစ်ဖက်က Yuriကတော့ operationခန်းထဲက
ထွက်လာပြီးပင်ပန်းလွန်းလို့ ကုတင်လွတ်တစ်လုံးပေါ်
ခနလောက်လှဲအိပ်လိုက်မိသည် ... ။
တစ်မနက်လုံး ပြေးလွှားထားရသည်မဟုတ်ပါလား ။လိုက်ကာကာထားတဲ့ ဘေးကုတင်ဆီကနေ
ငိုရှိုက်သံသဲ့သဲ့လေးကို Yuriကြားလိုက်ရသည် ... ။
ဘာကြောင့်ရယ်မသိ သိချင်စိတ်တို့ထိန်းမရ ...
လိုက်ကာကို အသာလေးဟကြည့်မိတော့
ကုတင်ပေါ်မှာသတိမေ့မြောနေတဲ့ အမျိုးသမီးလူနာနဲ့
ဘေးမှာတရှုံ့ရှုံ့ငိုနေတဲ့ ကျောင်းသူလေးတစ်ယောက် .. ။
ဘာများဖြစ်လို့ပါလိမ့် ... ။'ကလေး ... လူနာကဘာဖြစ်တာလဲ ..'
ခေါင်းငုံ့၍ငိုနေရာမှ အသံကြားရာဆီကို
Taeyeon အားကိုးတကြီးမော့ကြည့်မိသည် ... ။
မျက်မှန်ဝိုင်းလေးအောက်က မျက်ရည်တွေနဲ့
ပြည့်နေတဲ့ Taeyeonရဲ့မျက်ဝန်းတွေက
Yuriရဲ့ရင်ထဲကို မသိမသာလေးနေရာယူသွားခဲ့သည် ။'Dr .. chawရဲ့ ommaကို ကြည့်ပေးပါဦး'
'ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ ကလေး ...
unnieကိုအကုန်လုံးသေချာပြောပြ ... '
YOU ARE READING
You are my everything to me
FanfictionWe fall in LOVE by CHANCE ... We stay in LOVE by CHOICE ...