Taeyeon Yuriရဲ့အိမ်ကနေထွက်လာပြီး
သူ့အရင်အိမ်ကလေးနား ရောက်လို့နေသည် ... ။
အိမ်ရှေ့မှာ လူလေးငါးယောက်ကိုတွေ့လိုက်ရလို့
ခပ်လှမ်းလှမ်း မှောင်ရိပ်ကျနေတဲ့ထောင့်လေးကနေ
ထိုလူတွေ စောင့်ကြည့်နေမိသည် ... ။Taeyeon အတွက်တော့ ယခုအချိန်မှာ
ရန်သူတွေပတ်လည်ဝိုင်းလို့နေသည် ....။
လွန်ခဲ့တဲ့နှစ်နှစ်လောက်က မူးယစ်ဂိုဏ်းတစ်ခုနဲ့
ဆက်သွယ်မိပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးတဲ့
လုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်မိခဲ့သည် ... ။
နောက်ပိုင်း ထိုအလုပ်တွေကိုစိတ်ကုန်လာတာနဲ့
ဂိုဏ်းချုပ်တားနေတဲ့ကြားက Taeyeon
မရရအောင် ဂိုဏ်းကနေနှုတ်ထွက်ခဲ့သည် ... ။
ပြီးခဲ့တဲ့လက ထိုဂိုဏ်းချုပ်ရဲ့ညီကို
ရဲတွေဖမ်းမိသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
Taeyeonကသတင်းပေးလိုက်တယ်လို့ထင်ကာ
အသက်ကိုရန်ရှာနေခြင်းဖြစ်သည် ... ။
ဟိုနေ့ကဓားဒဏ်ရာကလည်း
သူတို့ကြောင့် ရခဲ့ခြင်းဖြစ်သည် .... ။အရှေ့ကလူတွေကိုအာရုံစိုက်နေတုန်း Taeyeonရဲ့
နောက်ကနေလက်တစ်ဖက်က ပုခုံးကိုသိုင်းဖက်ကာ
တခြားတစ်ဖက်က Taeyeonရဲ့ပါးစပ်ကို
တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့သည် ... ။
Taeyeon အလန့်တကြားရုန်းကန်မိတော့
ထိုလက်တွေကပိုလို့တောင်တင်းကြပ်လာသေးသည် ...။'Shhhhh ... ငါပါ ... kwon yuri ..'
Taeyeonငြိမ်သွားတော့မှ ပါးစပ်ကို
အုပ်ထားတဲ့လက်ကို Yuriလွှတ်လိုက်သည် ... ။
Taeyeon အိမ်မှာမရှိတော့တာသိကတည်းက
Yuri နေရာအနှံ့မှာလိုက်ရှာနေခဲ့ခြင်းဖြစ်သည် .. ။
တွေ့တော့လည်း ကလေးကမှောင်ရိပ်ခိုလို့ ... ။'မင်းဒီမှာဘာလုပ်နေတာလဲ???'
Taeyeonကဘာမှမပြောပဲ
အိမ်ရှေ့ကိုသာ မေးငေါ့ပြလိုက်သည် ... ။'ဟိုလူတွေကဘယ်သူတွေလဲ?ဘာလုပ်နေတာလဲ?'
'ကျုပ်ကိုသတ်ဖို့လာရှာနေတာ'
'ဘာ!!!'
Yuriလန့်သွားသဖြင့် အသံအနည်းငယ်ကျယ်သွားသည်။
'ဟာ ... တိုးတိုးလုပ်စမ်းပါ ...
ခင်ဗျားအသံကြီးကလည်း ပြဲလိုက်တာ ...
ဟိုလူတွေကြားသွားရင် နှစ်ယောက်လုံး
အသတ်ခံနေရမယ် .. ပါးစပ်ပိတ်ထား ... '
ŞİMDİ OKUDUĞUN
You are my everything to me
Hayran KurguWe fall in LOVE by CHANCE ... We stay in LOVE by CHOICE ...