တစ်ချိန်က
မင်းနဲ့ကိုယ်နဲ့ ဆုံတွေ့မှုဟာ
ကဗျာမဆန်လှပေမယ့်
မင်းဟာ
ကိုယ့်ရဲ့ရှေ့ဆက်နေ့ရက်တွေကို
ကဗျာဆန်စေခဲ့တယ်....ကိုယ့်ရဲ့လမိုက်ညကောင်းကင်မှာ
ကြယ်စင်မီးတွေ ထွန်းညှိပေးခဲ့တယ်....ကိုယ့်ရဲ့ခြောက်သွေ့နေတဲ့မြစ်ပြင်ကျယ်မှာ
အဖြူရောင်မိုးတွေရွာသွန်းပေးခဲ့တယ်...ကိုယ့်ရဲ့ ကန္တာရသောင်ပြင်မှာ
အချစ်သစ်ပင်တွေစိုက်ပျိုးပေးခဲ့တယ်...ကိုယ့်ရဲ့ အမှောင်ကမ္ဘာငယ်မှာ
အလင်းပေးခဲ့တယ်...ကိုယ့်ရဲ့ဘဝကိုအချစ်နဲ့သာ ဝင်ရောက်ပြီး
ကိုယ့်ရဲ့နေ့သစ်ရွက်တွေကိုလည်း
အချစ်နဲ့ဘဲ ပတ်ဖျန်းပေးခဲ့တယ်
အဲဒါကြောင့်
ကိုယ်လည်းမင်းဘေးနားမှာ
အချစ်နဲ့ဘဲ
တစ်သက်လုံးရပ်တည်ပေးနေမှာပါ....အချစ်ဖြင့်သာ.....
×××××××××××××××××××××××××××××
"ဘာလို့ထမင်းတစ်ပန်းကန်ဘဲရှိတာလဲ??"
"Jimin ကနောက်တော့မှ စားမှာမို့ပါ"
"မရဘူး...ငါနဲ့တူတူစားရမယ်"
"မလုပ်ပါနဲ့ Tae ရာ"
"ငါနဲ့စားရမယ်...မင်းအပြေးပြိုင်တာရှုံးထားလို့
ငါပြောတဲ့အတိုင်းလုပ်ရမယ် ဒါဘဲ...
Seokjin hyung...
Jimin ကိုလည်း ထမင်းခူးပေးလိုက်ပါ""Nae သခင်လေး"
"Tae နဲ့တော့ခက်ပါတယ်..."
"ဒီမှာလာထိုင်.."
ကျနော့်ဘေးနားကခုံကိုပုတ်ပြတော့
သူမငြင်းဆန်နိုင်တာနဲ့လာထိုင်တယ်လေခဏနေတော့
ထမင်းတစ်ပွဲရယ်
ဟင်းပွဲများရယ်နဲ့
Seokjin hyung ရောက်လာတယ်"Wow..¿¡"
ကျနော်တစ်ခါမျှ
ဒီလောက်ကြီးကျယ်တဲ့ ဟင်းပွဲတွေမစားဖူးပါ
အခုတော့...."သခင်လေး Taehyung ရောက်တဲ့အထိမ်းအမှတ်နဲ့
ဟင်းတွေများကြီးချက်ထားတာ
ဝအောင်စားနော်....""ကျေးဇူးပါ Hyung
Hyung လည်းအတူလာစားလေ""ဟာ..ကျနော်က စားပြီးပါပြီ
သခင်လေးတို့ ၂ ယောက်ဘဲစားလိုက်ပါတော့
လိုတာရှိရင် ခေါ်လိုက်ပါ
ကျနော်မီးဖိုထဲသန့်ရှင်းရေးလုပ်လိုက်ပါဦးမယ်"
KAMU SEDANG MEMBACA
အချစ်ဖြင့်သာ... [Vmin/Jikook]
Fiksi Penggemarအစကတည်းက မရှိခဲ့သင့်တဲ့ ချစ်ခြင်းတရားတစ်ခု ပေါက်ဖွားလာတဲ့အခါ ဘယ်သူ့ကိုအပြစ်တင်ရမှာပါလိမ့် ငါ့အပေါ် ဂရုစိုက်တဲ့ မင်းကိုလား?? ရူးမိုက်မိတဲ့ ငါ့ကိုယ်ငါလား?? ရက်စက်လွန်းတဲ့ ကံကြမ္မာကိုလား?? မရေရာတဲ့ အဖြေတွေများနေချိန်မှာ မင်းကိုငါချစ်တယ်ဆိုတာကတော့ သေချာခိ...