နာကျင်ရမယ်မှန်းသိရက်နဲ့ အစပြုခဲ့တာ ကိုယ်ရူးသွပ်တာ
မှန်တယ် ။
ဒါပေမယ့် ကိုယ်ဘယ်တော့နောင်တမရဘူး ....
ဘာလို့ဆို ........... ချစ်လို့ ။###################
သူတို့ရိုက်ကွင်းရှိရာကို လိုက်သွားပြီးနောက် အလုပ်ကို
တန်းလာရသည်။ အချိန်ပိုင်းအလုပ်ကနောက်ကျလို့ရ
သော်လည်း ကိုယ့်အလုပ်ကိုတာဝန်မလစ်ဟင်းချင်သည်မို့
အချိန်မီပြေးလာရသည်။အချိန်ပိုင်းအလုပ်ရှိရာ ကော်ဖီဆိုင်သို့မရောက်မီ လမ်းထဲသို့
အကွေ့တွင် အရှိန်မသတ်နိုင်ဘဲ လူတစ်ယောက်နှင့်ဝင်
တိုက်မိသည် ... ထိုသူက ကျမအလုပ်လုပ်ရာဆိုင်မှ ကော်ဖီ
ဝယ်လာဟန်တူသည် ... သူ့လက်ထဲက ထိုကော်ဖီခွက်လည်း
အကုန်မှောက်ကုန်တာကြောင့် ကျမအင်္ကျီတွေပေါ်သို့
လာစွန်းထင်းကြသည် .... ထိုနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
အဖြူရောင်ဝတ်လာမိတာကို ။" အာ ... ဆောရီးနော် ကိုယ်ဖုန်းပြောဖို့ ကြည့်ရာက
ရှေ့ကိုမကြည့်မိလို့ ..... အရမ်းပူသွားလား ? "" ဟုတ် ... နည်းနည်း "
ခုမှဝယ်တာတဲ့ ကော်ဖီတွေမို့ အတန်အသင့်ပူလောင်နေသည်.... အင်္ကျီပေါ်မှတစ်ဆင့် လက်ပေါ်သို့ပါ ကျသွားသဖြင့်
လက်ပါ အပူလောင်ကာ နီရဲနေတော့သည် ...,
ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဆက်ပြောမနေတော့ဘဲ ဆိုင်ကိုသာ
မြန်မြန်သွားရန် ဆုံးဖြတ်လိုက်သည်....ထိုသူက ရုတ်တရက် လက်ကိုလာဆွဲပြီး
" ဟို ... တကယ်အားနာပါတယ် ....
တစ်မျိုးတော့ မထင်ပါနဲ့ ... ကျတော်လည်း အချိန်မရလို့
ဒါလေးနဲ့ အင်္ကျီအသစ်ပြန်ဝယ်လိုက်ပါ ... ရော့ "ပြောပြောဆိုဆို ထိုလူက အင်္ကျီတစ်ထည်ဖိုးထက် အတော်
ပိုများသော ငွေကိုလက်ထဲလာထည့်သည် ....
အင်း ... ဒီလိုချမ်းသာတဲ့ လူတွေက အရာရာကို ပိုက်ဆံနဲ့
ဖြေရှင်းတတ်ကြသလား ...
စိတ်ကုန်ဖို့ကောင်းတဲ့လူတွေ ...." ရပါတယ် မလိုပါဘူး .... သွားစရာရှိတာသွားပါ .....
အင်္ကျီက ပြန်လျှော်လိုက်ရင် ရပါတယ် "ကျမလည်း ပြောပြီးပြီးချင်းပင် သူ့အဖြေစကားကိုမစောင့်ဘဲလှည့်ထွက်လာလိုက်သည်...
မဟုတ်ရင်တောင် အလုပ်နောက်ကျနေတဲ့ဟာကို ။
BẠN ĐANG ĐỌC
⭐️ A star of mine ⭐️ ( Completed )