ပေါက်ခနဲကျလာသောမျက်ရည်
အလျင်အမြန်ဖုံးကွယ်ချင်သော်ငြား
တုန်ယင်သောလက်အစုံက
လိုရာအားမရောက်နိုင်ဖုန်းကိုခဏချ မျက်ရည်တို့အား
သုတ်ရန်ပြင်ချိန်
မျက်နှာချင်းဆိုင်မှာ
ဂိမ်းထိုင်ဆော့နေရာကထလာပြီး
ကွယ်ရန်ပြင်သောလက်တို့အားဆွဲဖယ်လျက်"ဘာဖြစ်တာလဲ Hunnie"
လို့ချက်ချင်းမေးလာသူက Yeol Hyungခင်ဗျားမသိပါဘူး Xiao Lu
ကျွန်တော့ Hyung တွေကကျွန်တော်ထင်ထားတာထက်
ပိုချစ်တတ်လွန်းတယ်
ဖုန်းကိုကောက်ယူပြီးထွက်ခွာရန်ကြံသော်လဲ
Jong In ရဲ့လျင်မြန်သွက်လက်သော
လက်တို့က ကိုယ့်ဖုန်းကိုကောက်ယူပြီးသား" အဟင်း " ခပ်တိုးတိုးရယ်လိုက်ပေမယ့်
နာကျင်နေတာကအတိုင်းသား
"ပြစမ်း"
" မိတ်ဆက်ပေးပါရစေတဲ့လား Hyung ရာ"
" နောက်ဆုံးတော့ Confirmed လိုက်ပြီပေါ့ "
အားလုံးအကြည့်တို့က ကျွန်တော့ဆီမှာ
ပြုံးပြဖို့ကျွန်တော်ကြိုးစားပါသေးတယ်
အသုံးမကျတဲ့မျက်ရည်တွေကရှုပ်နေတာနဲ့
အပြုံးကသိပ်မပီပြင်ဘူးဖြစ်သွားရုံလေးပါ" Manager Hyung ရေ ဒီနေ့ Schedule
ထူးထူးခြားခြားမရှိရင်ဖျက်လိုက်ပါ"ကျွန်တော်တို့ Leader ကြီးရဲ့စကားအဆုံး
အထွန့်တက်နေကျ Hyung ဟာ
အမိန့်ကိုစောင့်ဆိုင်းနေသူလို
လှစ်ခနဲပြေးထွက်သွားလေရဲ့" Hunnie ah ဘာလုပ်ချင်လဲ
ငိုချင်လား
အရက်သောက်ချင်လား"" အောင်မာ မသောက်ရပါဘူး
ဘာကိစ္စအရက်သောက်ရမှာလဲ"" သြော် နည်းနည်းပါးပါး
သောက်ချင်မလားလို့ပါ "" မလိုဘူး အရက်သောက်တာ
ကလေးအလုပ်မဟုတ်ဘူး"တစ်ယောက်တစ်ပေါက်အော်ဟစ်ငြင်းခုံနေတဲ့
Hyung တွေကိုကြည့်ပြီး ပြောချင်မိတယ်ကျွန်တော်ဟာ ၁၆နှစ်သားလေး
ကလေးလေးမဟုတ်တော့ပါဘူးလို့ဒါပေမယ့် .......
ဒါပေမယ့်ပေါ့ .....
သူတို့ကဂရုစိုက်လေ
ကျွန်တော်ကပိုငိုချင်လာလေ
ဆို့နင့်ကြေကွဲမှုဟာ
နှလုံးသားကိုတိုက်ရိုက်ရိုက်ခတ်လို့
ကျွန်တော့ခန္ဓာကိုယ်တစ်ခုလုံး
အစိတ်အပိုင်းတစ်ခုမကျန်နာကျင်နေပါပြီ
YOU ARE READING
The story is over
Fanfictionမရေမရာချိုမြိန်ခဲ့သလောက် အဆုံးသတ်က ခါးသက်လွန်းတယ်... သူ့အပြုံးတွေကို Congrats လုပ်ဖို့ ကိုယ့်နှလုံးသားကိုယ်ပြန်သတ်ခဲ့ရတဲ့သမိုင်း... မကြီးကျယ်မခမ်းနားပေမယ့် Delete နှိပ်လိုက်ရုံနဲ့ ပျက်စီးမသွားတဲ့ ယုံကြည်မှုနဲ့မျှော်လင့်ချက်တွေအားလုံး သူကြင်ကြင်နာနြာ...