My Everything Ep6

823 89 20
                                    

'ဒီလိုအချိန်မှာ ဒီစကားပြောရတာ
အူကြောင်ကြောင်နိုင်ပေမယ့်
ငါဝန်ခံပါရစေတော့ Taeyeon ...
လွန်ခဲ့တဲ့ငါးနှစ်က အရေးပေါ်ခန်းထဲမှာ
စစချင်းတွေ့ခဲ့ကတည်းက
မင်းကို ငါ .... ချစ်မိသွားလို့ပဲ ...'

စိတ်ထဲမှာတရစပ်ပြောမိတဲ့ ထိုစကားလုံးတွေက
တကယ်တမ်းကျတော့ နှုတ်ဖျားကနေ
ပွင့်အန်ကျမလာခဲ့ပါ ... ။

သူ့မေးခွန်းကိုမဖြေပဲ တွေတွေကြီးစိုက်ကြည့်နေတဲ့
Yuriကြောင့် Taeyeonအနေရခက်လာသည် ... ။
မျက်လုံးရှေ့ လက်နဲ့အသာဝေ့ယမ်းလိုက်တော့မှ
Yuri အသိပြန်ဝင်လာတော့သည် ... ။

'အင် ... ဘာလဲ .. Taeyeon??'

* ခင်ဗျားကဘယ်လိုလူလဲ Kwon Yuri???
   စကားပြောရင်းငုတ်တုတ်မေ့နေတာလား
   လူကိုမမုန်းဘူးလေး ဘာလေးပြောပြီး
   မေးတော့အရူးကွက်နင်းနေတယ် ...
   အမြင်ကတ်စရာသိပ်ကောင်းတယ် သိလား ... *

'ဘာမှမဟုတ်တော့ဘူး'

Taeyeonရဲ့ နွေးထွေးတဲ့ရေနွေးအိတ်လေးက
ကျောပေါ်မှာ အစုန်အဆန်သွားလာနေသလို
ခံစားချက်ကြောင့် အချိန်ကြာလာတာနဲ့အမျှ
မှေးစင်းကာကျလာတဲ့မျက်ခွံတွေကို
Yuriဆက်မထိန်းထားနိုင်တော့ပါ ... ။

'ဪ ... အိပ်ပျော်သွားပြီပဲ .. '

Yuri အင်္ကျီစလေးကို အသာပြန်ဆွဲချပေးပြီး
စောင်ထူထူကို သေချာခြုံပေးမိသည် ။
ခုရက်ပိုင်းရာသီဥတုက အအေးပိုလာသည်မဟုတ်လား ။
အခန်းထဲကမထွက်ခင် မျက်စိကစားလိုက်တော့
စားပွဲပေါ်ကdiaryစာအုပ်လေးကို စိတ်ဝင်စားမိသည် ။

စာအုပ်ထဲမှာပါတဲ့အကြောင်းအရာအားလုံးနီးပါးမှာ
မိမိနာမည်ပါနေတာကိုတွေ့လိုက်ရတဲ့အခါ
Taeyeon ပါးလေးရဲခနဲဖြစ်လို့သွားသည် ... ။

"ကလေး" "ကလေး" "ကလေး"

စာကြောင်းတိုင်းမှာ 'ကလေး'ချင်းကိုထပ်လို့ ... ။
ဒီလိုကျတော့လည်း ဟိုအရင်ကအရေးပေါ်ခန်းထဲမှာ
ဆုံတွေ့ခဲ့ရတဲ့ဒေါက်တာမလေးတစ်ယောက်ရဲ့
နွေးထွေးတဲ့စကားသံတွေကို ပြန်လည်ကြားယောင်မိသလိုလိုပါလား ... ။

You are my everything to meOnde histórias criam vida. Descubra agora