Epi 5

1.3K 116 5
                                    

မနက်စောစော ကမ်းခြေသည် အေးချမ်းစွာ...

ရှင်းလင်းနေသော ကမ်းခြေနဲ့အတူ လှပစွာ ထွက်ပေါ်လာသော နေမင်းကြီး ကို အလှပဆုံးဓာတ်ပုံရိုက်နေမိသော
ကျွန်တော်...
အိတ်ကပ်ထဲမှ ဖုန်းမြည်သံကြောင့် ကင်မရာကို လက်တစ်ဖက်ဖြင့်ကိုင်ရင်း ကျန်တစ်ဖက်ဖြင့် အိတ်ထဲမှ ဖုန်းထုတ်ကာဖြေလိုက်သည်...

"ဟယ်လို လရောင်...မင်းဘယ်ရောက်နေတာလဲ....
မနေ့ထဲက ဖုန်းခေါ်နေတာကိုမကိုင်ဘူး..."

တစ်ဖက်မှ ထွက်ပေါ်လာသော အသံနဲ့အတူ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

"sorry ငါ ငွေဆောင်ရောက်နေတာ"

"ဒီနေ့ဓာတ်ပုံရိုက်ပေးစရာ ရှိတယ်မဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ငွေဆောင်ရောက်နေတာလဲ"

"အဲ့ဒါက တခြားတစ်ယောက်နဲ့လွှဲပေးလိုက်တယ်
ဒီတိုင်း ရှုခင်းပုံလေးတွေရိုက်ရင်း အနားယူချင်လို့"

ကျွန်တော့် စကားကြောင့် တစ်ဖက်က သက်ပြင်းချသံ
ကို ကြားလိုက်ရသည်။

"အဲ့ဒါဆို ဘယ်ချိန်ပြန်လာမှာလဲ"

တစ်ဖက်ကအမေးကို ပြန်ဖြေရန် ပြင်လိုက်ချိန်မှာပဲ
ကျွန်တော့် မျက်လုံးထဲ ကမ်းခြေတစ်လျှောက်
ပြေးနေသော ကောင်လေးတစ်ယောက် ဝင်ရောက်လာသည့်ခဏ ကျွန်တော့်စိတ်ထဲ ဘာအတွေးမှရှိမနေတော့...

"မသိသေးဘူး...ဒါပဲနော် ...နောက်မှ ပြန်ဆက်လိုက်မယ်"

ဖုန်းချရင်း လက်တစ်ဖက်က ကိုင်ထားသော ကင်မရာကို
မြှောက်ကာ မျက်စိရှေ့မှ ကောင်လေး မြင်ကွင်းအဝေးကို မရောက်ခင် အမြန်ရိုက်လိုက်သည်။

နားကြပ်တပ်ရင်း ရှေ့မှ ဖြတ်ပြေးသွားသော ကောင်လေးကို ကြည့်ရင်း ညကကိစ္စက မဖိတ်ခေါ်ရပါဘဲ အတွေးထဲဝင်ရောက်လာတော့ တစ်ကိုယ်လုံး ပူထူသွားသည်။

ဓာတ်ပုံရိုက်ချင်စရာကောင်းလောက်အောင် စိတ်ဝင်စားဖို့မကောင်းပါပဲ ဘာလို့များထိုကောင်လေးကိုမြင်တာနဲ့
ကင်မရာ ကိုအလိုလို နှိပ်မိနေလဲ ကိုယ်တိုင်ပင် မသိ...

ဝေးကွာသွားပြီဖြစ်သော ကောင်လေးရဲ့ ကျောပြင်ကို ကြည့်ရင်း ခေါင်းခါလိုက်ပြီး မနက်စာစားရန် စားသောက်ဆိုင်ရှိရာ လျှောက်လာလိုက်သည်။

လေလွင့်ငှက်တစ်ကောင်ရဲ့ နိဒါန်းDonde viven las historias. Descúbrelo ahora