ကျွန်တော့်ရဲ့ဒီနေ့က ကျောင်းစတက်တဲ့နေ့ဆိုတော့ ယောင်လည်လည်ပေါ့...Tourismအဆောင်ရဲ့Major Departmentကို တွေ့တဲ့သူမေးရင်း စမ်းရင်းပေါ့.ကျနော်က နယ်ကပြောင်းလာတာ ဟိုမှာ နှစ်နှစ်တက်ပြီး အဖေက သူ့ငယ်သူငယ်ချင်းနဲ့အလုပ်ဖက်စပ်လုပ်ထားတဲ့ကိစ္စကြောင့် ပြောင်းလာတော့ ကျနော်ပါ လိုက်ရတာပေါ့...နောက်အကြောင်းက အဲ့အိမ်က သမီးနဲ့ကျနော့်ကို လူကြီးချင်းသဘောတူထားသေးတယ်တဲ့...ကျနော်က အဲ့အိမ်မှာပဲ နေပြီး ကျောင်းတက်ရမယ်တဲ့...မတော်ရသေးတဲ့ ဇနီးလောင်းအကြောင်းတွေးရင်း Departmentရှိရာ စင်္ကြလမ်းပေါ် အကွေ့ အင့်ခနဲနေအောင်ခံစားလိုက်ရတယ်...
မင်း လမ်းကို ဘယ်လိုလျှောက်တာလဲ...လူတစ်ယောက်လုံးမမြင်ဘူးလား...
နံရံကွယ်နေတာကို မြင်ရအောင် ကျမ နတ်မျက်စိမရှိဘူး...ရှင်ဘာသာကြည့်ပါလား...
ဘုရား ဘုရား ကျနော့်လိုအချေနဲ့လာတွေ့နေပါ့လား...ပြီးတော့ သူက ဆက်ပြောသွားသေး...
ကျမက ဒီမှာ စာအုပ်တွေနဲ့အလေးကြီးသယ်လာတာ...ရှင့်ဘာသာ နည်းနည်းရှောင်ပေးလိုက်ပြီးရောဟာကို...
ဘယ်ရမလဲ ကျနော်လေ မင်ယွန်းဂီလို အချေကောင်ကို လာချေနေတာမျိုး သည်းခံစရာလား...
မင်းတို့ကျောင်းက ကျောင်းသားအသစ်ကို အဲ့လိုပဲဆက်ဆံတာလား...
အဲ့တာနဲ့ အခု ၀င်တိုက်မိတာနဲ့ဆိုင်လို့လား...
ဟော ကြည့် လုံးဝ ခေါင်းကြောမာပုံရတယ်
ဆိုင်ဆိုင် မဆိုင်ဆိုင်...Departmentဘယ်အခန်းလဲ...
ပြောပြတာတော့ရပါတယ်...စာအုပ်လေးတွေပြန်ကောက်သွားပေးရင် အရမ်းကျေးဇူးတင်မိမှာ...လက်ပိုက်ပြီး ဆရာမကြီးစတိုင်ဖမ်းပြီးပြောနေသေး...
ငါမှ မမှားတာ ကောက်ပေးစရာလား...မင်းဘာသာကောက်..မင်းလို စကားသူတောင်းစားကို မေးမိတဲ့ငါက မှားတာ တွန့်တိုလိုက်တာ...သွားပြီ...
ဘယ်လိုဟာလဲမသိဘူး..ပွစိပွစိပြောရင်း ကျန်ခဲ့တဲ့ အဲ့ကောင်မလေးက ချစ်ဖို့တော့ကောင်းသား...
ဘယ်လိုလူလဲမသိဘူး သူကမှားသေး စာအုပ်ပြန်မကောက်ပေးတဲ့အပြင် ငါ့ပါငေါက်သွားသေး...ကျောင်းသားအသစ်တဲ့...ရုပ်ကိုက စကားပြောတာ မျက်စိကိုမဖွင့်ဘူး...မြင်ဖူးလည်း ကျောင်းကသူအစုံ ကိုယ်သိတာကျလို့...ကိုယ့်အဖွဲ့ငါးယောက်ရယ် ညီမတစ်ယောက်ရယ်နဲ့ပဲစကားပြောတာ😒ဆောင်းမှာသူငယ်ချင်းများများစားစားမရှိဘူး သူတို့က ဆောင်းကိုချေလို့တဲ့...ဂရုစိုက်စရာလား..ကိုယ့်ထမင်းကိုယ်စားပြီး ချေတာကို...