တီ တီ တီ ပွမ်ပွမ်🔊🔊
လှည်းတန်း မြေနီကုန်း ဆူးလေ ဒညင်းကုန်း လှိုင်သာယာ
ရောက်တယ။် ခုံနေရာတွေရှိတယ်နော် ။ထိုင်ပီးစီးရမှာနော်။စပယ်ယာတွေရဲ့ အပြိုင်အဆိုင် ခရီးသည်ခေါ်သံ🔈
စွပ်ကျယ် လက်ပြတ် ဘောင်းဘီအတိုလေး ကြက်တောင်
စည်းဖြင့် သနပ်ခါးအဖွေးနဲ့ မြို့တက်လာသော စောသုတညီတစ်ယောက် ။မြို့အရောက် YBS ၀ါဝါကြီးတွေကြား အထူးအဆန်းဖြစ်နေပါရော။
ရွာမှာဆို နွားလှည်းလေးနဲ့ အေးအေးဆေးဆေးသွားလို့လာလို့ လွယ်သော်ငြားလည်း မြို့ရောက်မှဖြင့် ၀ါဝါကြီးတွေအောက် အသက်ပျောက်တော့မလိုလိုဖြစ်နေပြီ😪
"....မြန်မြန်လာ ဒီကားပေါ်တက်။ ကောင်လေးရေ"
"ဟုတ်ကြီးခင် ။"
ကားပေါ်မှာကလည်း လူတွေအပြည့်အသိပ် စောစုတညီလိုပုတဲ့သူအဖို့ လက်ကိုင်တန်းမမှီ လေတောင် နှာခေါင်းပေါက်ကရှူလို့မရ။
ရွာမှာဆို ကားဆိုတာ ထော်လဂျီပဲ့ရှိပါရဲ့ ။😒
ဒီမှာတော့ ကြီးခင်ပြောတာတော့ ၀ိုင်ဘီအက်စ် တဲ့ ။
အဆန်းကြီးပါလားနော်။လူတွေဆိုသည်မှာလည်း အလှူပေးနေသလို တိုးကျိတ်နေတော့တာပဲ့။
ဒါနဲ့ပဲ့ စောသုတညီတစ်ယောက် YBS ကြီးစီးရင်း ရောက်လာပါတော့တယ်။ ။
"အိမ်ရှင်တို့ အိမ်ရှင်တို့"
"ဘာကိစ္စများရှိပါသလဲ ။"
"အော် ဟုတ်ကဲ့ ။"
" ကျွန်မကဒီအိမ်ကအလုပ်သမား
မြလေးရဲ့အမေပါတော် အလုပ်သမားထပ်ခေါ်ထားတယ်။
ဆိုလို့ ဒီကကောင်လေးကို ခေါ်လာတာပါ။"ဲ့"ဟုတ်ကဲ့ မမကြီးအထဲမှာရှိပါတယ။် ၀င်တွေ့လိုက်ပါ။"
"စစ်လေးရေ...စစ်လေး အောက်ထပ်ခဏလာပါဦး
အမေ မိတ်ဆက်ပေးစရာရှိလို့ "