...............
ဘာလိုလိုနဲ့ Final exam ကြီးလည်း ပြီးသွားပြီဖြစ်သည်................👏👏👏
စစ်သီဟကိုမှာလည်း ဖခင်ရှိရာ Singapore သို့ လိုက်သွားဖို့ ပြင်နေလေသည်။
မဒီဝတ်ရည် နဲ့တိုးတိုးကတော့ ကျောင်းပိတ်သင်တန်း တက်ဖို့အတွက် လှည်းတန်းတ၀ိုက်တွင် သင်တန်းတွေ
ရှာလေသည်။ညီညီမှာလည်း သီချင်းဆိုအခြေခံသင်တန်းတက်ချင်သော
ကြောင့် ဘယ်သင်တန်းကောင်းမလဲဟုစုံစမ်းနေလေသည်.Exam ပီးသည့်နေ့တွင် ဒေါ်မြင့်မြတ်သန္တာက ညီညီ့အတွက် I ph 6 plus တစ်လုံးဝယ်ပေးသည်။
ချမ်းသာသောကြောင့် သားအကြီးဖြစ်သူ စစ်လေးအတွက်က I ph 7 plus ကို ကျောင်းစတက်ကတည်းက ၀ယ်ပေးထားသည်။
သို့သော်လည်း ဒေါ်မြင့်မြတ်သန္တာသည် စည်းကမ်းကြီးသည် ဖုန်းကိုသူ့အချိန်နဲ့သူ သုံးစေသည်။
ညီညီတစ်ယောက်ကတော့ ငယ်ငယ်ကတည်းက ဖုန်းဆိုတာ ဘာလဲမသိ အခုကိုင်ရပြန်တော့လည်း I ph ဆိုတော့ မျောက်အုန်းသီးရသလိုဖြစ်နေလေသည်။
် ဖုန်းစရသည့်နေ့တွင် ကိုစစ်မှာ တစ်ညလုံးမအိပ်ရ ညီညီ မေးသည့်မေးခွန်းများကို ဒိုင်ခံဖြေရသည။
် ရိုက်လိုက်သည့် photo ဆိုသည်မှာလည်း ph စရသည့်နေ့၌ပင် ပုံ ၅၀ ကျော်သည် ရှိသမျှ သိမ်းထားသမျှ အင်္ကျီအကုန်ထုတ်ဝတ်သည် ပို့စ်မျိုးစုံနဲ့ရိုက်သည် နှုတ်ခမ်းထော်သည် လက်နှစ်ချောင်းထောင်သည် ....🙆✌👀
တစ်နေကုန် အိမ်မှာ ရှိသည့်လူအကုန်နဲ့ ပတ်ရိုက်သည် ။📷📱
သူမရိုက်ရဲသည်မှာ တစ်ယောက်သာရှိသည်.....
🌟🌟🌟🌟🌟🌟🌟🌟
လသာဆောင်တွင် စစ်သီဟကိုတစ်ယောက် စာအုပ်တစ်အုပ်နဲ့ထိုင်နေသည်။
ညီညီမှာ ကော်ဖီတစ်ခွက်ကိုဘယ်လက်ကကိုင် ဖုန်းကိုညာလက်ဖြင့်ကိုင်၍ မယောင်မလည်ရောက်ချလာသည်။