ကျွန်တော့မှာ ငယ်ငယ်လေးထဲက ချစ်အတူမုန်းအတူ ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...
*Flashed back*
ကျွန်တော့အသက် ၇နှစ်ဝန်းကျင် ကျွန်တော်တို့ အိမ်အသစ်ပြောင်းခါစကပေါ့...
*DingDong* (လူခေါ် bell တီးသံ )
အိမ်ထဲက အမျိုးသမီးတစ်ယောက်နဲ့ ကျွန်တော့ထက် အရပ်အနည်းငယ် ပုတဲ့ကောင်လေးတစ်ယောက်...
"မင်္ဂလာပါ ညီမလေး။ အစ်မတို့က ဘေးအိမ်ကို ပြောင်းလာပါ။ ဒါက ကျွန်မရဲ့ သားငယ်လေး Shizu ပါ"
"အော် ဟုတ်အမ။ အိမ်ပြောင်းရတာအဆင်ပြေလား? အကူအညီလိုရင်ပြောနော်... သားငယ်ကလည်း ချစ်စရာကောင်းတာပဲ... ကြည့်ရတာ ဒီက Kazu လေးနဲ့ အသက်တူမယ်ထင်တယ်"
ထို Kazu ဆိုတဲ့ကေင်လေးက သေးသေးညှပ်ညှပ်လေး... သူနဲ့ oversize ဖြစ်နေတဲ့ သူ့အမေရဲ့ sweater ကို ဝတ်ထားတာချစ်ဖို့ကောင်းတယ်။ သူကျွန်တော့ကို ပထမဆုံးပြောခဲ့တဲ့စကား...
"Shizu.... ကျွန်တော့ရဲ့ သတို့သမီးလုပ်ပေးပါ! ကျွန်တော် Shizu ကိုပျော်အောင်ထားပါ့မယ်!"
ဟုတ်ပါတယ်... သူက ယောကျာ်းလေးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်ရဲ့ first love ဖြစ်တဲ့ ပေါတောတော ကောင်လေးတစ်ယောက်ပေါ့...
*Flash back ended*
အခုတော့ ကျွန်တော်တို့ က အထက်တန်း ပထမနှစ်ကျောင်းသားတွေပေါ့... ဒါပေမယ့် ကျွန်တော်သူ့ကို ချစ်နေဆဲပါ... ဒါပေမယ့် ယောကျာ်းချင်းဖြစ်နေတာကြောင့် ဖွင့်ပြောလိုက်ရင် သူနဲ့ ကျွန်တော့ရဲ့ အခုလက်ရှိ သူငယ်ချင်းအဖြစ်ကနေ ပျက်ပြယ်သွားမှာကို မလိုလားဘူး....
Lunch time...
ကျောင်းရဲ့ ခေါင်မိုး လသာဆောင်မှာ..."Shizu Shizu.. ငါခုနက မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောလိုက်တယ် ဒါပေမယ့်အငြင်းခံလိုက်ရတယ်"
မယုံနိုင်စရာကောင်ပါပဲ... သူက..
"မင်းမနက်အစောပိုင်းတုန်းကလည်း စတိုးဆိုင်က ကောင်မလေးကိုဖွင့်ပြောလိုက်သေးတယ်မလား?"
"ဒီတစ်ခေါက်တော့ တကယ်အလုပ်ဖြစ်ပြီထင်တာ.. အဲ့တစ်ယောက်က ငါ့ကို ခဏခဏစိုက်ကြည့်တော့ ယောကျာ်းလေးအနေနဲ့ မျှော်လင့်ချက်ဖြစ်မိတာပေါ့လို့.."
YOU ARE READING
The Promise of Happiness
RomanceTranslation of manga "the promise of happiness" Childhood friend romance #oneshot #yaoi