" မမ "
၆ နှစ်အရွယ် ကလေးတစ်ယောက်
' မင်းပိုင်သွေးထက် '" ပိုင်လေး ပြော... "
ပိတောက်ပင်ကြီး သည် လေတစ်ချက် အတိုက် သစ်ရွက် များ လွင့်ပါသွားပြီး... ကျောလယ်လောက်ရှိသော ဆံနွယ် လေးပါ လေပြေနဲ့အတူ လွင့်ပါနေသည်။
ဒန်းစီးရင်းတဲ့ သူ့ဘေးနား ဒန်းပေါ် တက်ထိုင်သည်။
" မမ ... "
" ပြော "
" မမ က အရမ်းချောတာဘဲ... အနော်.. မနာလိုဘူးရယ် ... "
မျက်နှာ စူပုပ်ပြီး ပြောနေတဲ့ ကလေးရဲ့ ခေါင်းကို ပုတ် လိုက်သည်။
" အနော် လည်း မမ လို ဖြစ်ချင်တာ.. "
သူ့ကို မျက်စိ အဝိုင်းသား နဲ့ ကြည့်ရင်းပြောနေသော ပိုင်လေး ကြောင့် ' သုလွန်းကိုကို'
" ဟုတ်လား ဆုတောင်း.. ပိုင်လေး ဘုရားတရား များများ လုပ် ... မနေ့တုန်းက ဆရာမ တိုင်တယ် ဘုရားစာဆိုတာ အိပ် ငိုက်နေတယ် တဲ့ "
မျက်နှာ စူပုပ်ပုပ်နဲ့ နှုတ်ခမ်းက ထော်နေသည်။
နှုတ်ခမ်းထူထူ နှာခေါင်းလေးက သေးသေး နှင့်
စိတ်တိုရင်း ပြူးပြီး ဝိုင်းစက်လာသည့် မျက်လုံး ဝိုင်းဝိုင်းလေး..." မမသု မမသု လာရင် တခြား အတန်းက ကျောင်းသားတွေ ရောက်ရောက်လာပြီး အနော့ကိုစတယ် "
" အယ် ဘယ်ကောင် က ငါ့မောင်လေးကို စလဲ? "
" ယောက်ဖ ယောက်ဖ နဲ့ ... ဟို ကိုကြီး ဗညားတို့ ကိုကြီး နိုင် တို့ "
" ဟ.. ဟ အဲ့အကောင် အဲ့လိုဘဲ "
၉တန်းအရွယ် သုလွန်းကိုကို ကို ပိုးပန်းသော ဆယ်တန်းကျောင်းသား အချို့သည် .. သု၏ အိမ်နီးနားချင်း ကလေး.. ပိုင်လေးကို ခဏခဏ စသည်။
ပိုင်လေးက လည်းစွာ သည်။
" အဲ့ဒါ အနော့်မမ.. ခင်ညားကို မပေးဘူး .. ခင်ညားက အနော့က ခင်ညား ယောက်ဖလည်း မဟုတ်ဘူး "~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းအင်္ကျီ အဖြူအစိမ်း တောင်မလဲ အားဘဲ...
မမ သုဆီ မင်းပိုင်ထက်သွေး အပြေးသွားမိသည်။
YOU ARE READING
သူ သို့မဟုတ် သူမ
Romanceသူ သို့မဟုတ် သူမ ~~~~~~~~~~ မမ သူ့ကိုချစ်တယ်.. ကျွန်တော် မမ ကိုချစ်တယ်.. ~~~~~~~~~~~~~~~~~~~~~~~~ သူမ ကို မမ ချစ်တယ် မမ ကို " ထက် "ချစ်တယ် ~~~~~~~~~~~~~~~~~~~~~~~~~~