ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ
အချို့နေရာလေးတွေမှာ ယုတ္တိမရှိဖြစ်သွားခဲ့ရင် နားလည်ပေးပါလို့
စာဖတ်သူ တစ်ယောက်ချင်းကို လှိုက်လှိုက်လဲလဲ ကိုကျေးဇူးတင်မိကြောင်းပါ.....❤❤❤
💫💫💫💫💫💫💫
ကျောင်းပိတ်ရက်တွေဖြစ်သောကြောင့် ညီညီမှာလည်း သင်တန်းတွေကို အားစိုက်တက်သည်။် ဘာသာစကားလည်းသင်သည်။
ဂီတာတီးသင်တန်းများကိုလည်းလိုက်တက်သည်။
.ကိုကို ကိုသတိရတိုင်း သူဂီတာတီးသည် ။
စစ်သီဟကို သွားပီးနောက်ပိုင်းတွင် အပြောအဆို နည်းလာသည် ။
Singapore တွင် ဖခင်ဖြစ်သူအားကူညီနေရသော
ကြောင့် အလုပ်ရှုပ်နေသည။် ရန်ကုန်မှာရှိစဉ်ကတည်းက စကားနည်းသောကြောင့် ဟိုရောက်သွားသော်လည်း အပြောအဆိုနည်းလာသည် ။
ညီညီဘက်ကသာနေ့တိုင်းဆက်သွယ်သည။် သို့သော်လည်း ဖုန်းမကိုင်သည့်ရက်ကနည်းသည် ၊Fb acc ကလည်း ညီညီ သုံးသည့်အချိန်တွင်သူမရှိနေ စာပို့ထားသော်လည်း seen ပြ၍ reply မပြန် တစ်ခါတစ်ရံမှ ပြန်သည်.......
ညီညီကတော့ ၀တ္တရားမပျက် ပို့သည် .......Jack ကလည်း စားလိုက်အိပ်လိုက်သွားလိုက်ဖြင့်သာ အချိန်ကုန်နေခဲ့သည် ။
မိဘတွေကလည်း အလုပ်မလုပ်ခိုင်း အချိန်အကြာကြီးခွဲနေခဲ့ရသာကြာင့် မိဘတွနဲ့အတူအချိန်ကုန်ဆုံးစေသည်။....အခုလည်း Jack တစ်ယောက် အိမ်တွင်းသာပုန်း
နေသည။် Singapore တွင်ကျောင်းပြန်ဖွင့်တော့မည်ဖြစ်သောကြောင့် မကြာမီရက်အတွင်းပြန်ရတော့မည်ဖြစ်သည်။ကျောင်းပိတ်ရက်မှာ နှစ်ပတ်သာဖြစ်သည်....
ရောက်ရောက်ချင်းနေ့က ပြသနာဖြစ်ခဲ့သော ကောင်လေးမှာလည်း ထပ်ပြီးမဆက်သွယ်ခဲ့ ထပ်တွေ့ချင်သော်ငြား ဘာမှမမေးလိုက်ရသောကြောင့် လျော်ကြေးလာတောင်းမည်ဟူသောအထင်ဖြင့်စောင့်နေခဲ့သည် ။