" International Star - Fennies Tang ဟာ အသက် ၃၇နှစ် အရွယ်မှာ နှလုံးရောဂါနှင့် သေဆုံးသွားခဲ့ပါတယ် ။ "
.....
.....
ငါက သေသွားခဲ့ပြီ မဟုတ်လား ? ဒါဆိုရင် အခု ဖြစ်နေတဲ့ အခြေအနေက ဘာလဲ ??? "
စူးရှတဲ့ ပိုးသတ်ဆေးရနံ့၊ မနှစ်မျို့စရာ ဖြူရော်ရော် နံရံ၊ ဘေးနားက အသက်ကယ်ပစ္စည်းတွေ ၊ နှာခေါင်းမှာ တပ်ထားရတဲ့ အသက်ရူပစ္စည်း....
ဆယ်စုနှစ်များစွာ မကျန်းမာခြင်းနဲ့ အမြဲတိုက်ပွဲဝင်နေရတဲ့ သူ့အတွက်တော့ ဘေးမှာရှိနေတဲ့ အရာတွေဟာ အစိမ်းသပ်သပ်တော့ မဟုတ်ခဲ့ဘူး ။" ငါက သေသွားခဲ့ပြီမလား? အခု ဘာလို့ ဆေးရုံကုတင်ပေါ် ရောက်နေရတာလဲ?"
ဦးနှောက်တစ်ခုလုံးလည်း ရူတ်ထွေးနေပြီး ခေါင်းတွေ ထိုးကိုက်လာတယ်။ မျက်လုံးတွေကို ပိတ်ထားပြီး ငြိမ်ငြိမ်လေး နေလိုက်တော့မှ ဘေးနားမှာ ခပ်တိုးတိုး စကားပြောနေတဲ့ သူနာပြုဆရာမလေးတွေရဲ့ အသံကို ကြားရတော့တယ် ။
" သနားစရာလေးပါဟယ် ။ ဆေးရုံမှာ သူဒီလို ဖြစ်နေတာတောင် လာကြည့်သူက တစ်ယောက်တောင် မရှိရာဘူး ။ "
" သူက ဟိုအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Idol အဖွဲ့သားဟောင်း မဟုတ်ဘူးလား? ပုံစံလေးက နာမည်အရမ်းကြီးလာတော့မလို့နဲ့ သူ့အဖွဲ့က တခြားသူတွေပဲ အောင်မြင်သွားတယ် ။ သူကျတော့ ဘာမှမဖြစ်လာပဲ နာမည်တောင်မြုတ်သွားတယ်နော် ။ "
ဆရာမလေးတွေရဲ့ စကားပြောသံဟာ သူ့နားကနေ တဖြည်းဖြည်း ဝေးဝေးသွားတယ် ။ ဘာတွေပြောသွားမှန်း လုံးဝ နားမလည်ဘူး ။ ပွဲဦးထွက် အနုပညာလူပ်ရှားမူ စလုပ်ကတည်းက ရုပ်ရှင်ဘဲ ဆက်တိုက် ရိုက်လာခဲ့တာပါ ။ ဘယ်အချိန်တုန်းက Idol အဖွဲ့သား ဖြစ်သွားရတာများလဲ?
ဝေခွဲမရတဲ့ စိတ်တွေ တိုးလာတာနဲ့အတူ ငိုက်မြည်းစိတ်တွေပါ တိုးလာပြီး သတိက ရတစ်ချက် မရတစ်ချက် ဖြစ်လာတယ်။ အခု အိပ်ပျော်နေတာလား နိုးနေတာလားတောင် မပြောပြနိုင်ဘူး ။
သေချာတာ တစ်ခုက ဆရာမလေးတွေဟာ သူ့အမည်ကို Tang Feng လို့ သုံးနူန်းနေကြတာပဲ ။ ဒါပေမယ့် သူဟာ သူတို့ပြောနေကြတဲ့ Tang Feng မှ မဟုတ်တော့တာ ။ Hollywood ကို စအခြေချတဲ့ အချိန်ကတည်းက သူ့နာမည်ကို ပြောင်းပစ်ခဲ့တာလေ ။
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...