Ch.2 ဆေးရုံမှလွတ်မြောက်ခြင်း

31.6K 2.1K 13
                                    

ဆေးရုံမှာ ရှိနေတဲ့အချိန် အတောအတွင်း Tang Feng ဆီကို လာသတင်းမေးသူတွေ တစ်ယောက်မှ မရှိပါဘူး ။ သတင်းကောင်း တစ်ခုကတော့ သူ့ဘေးမှာရှိနေတဲ့ အိတ်ထဲက ပစ္စည်းတွေကနေ တဆင့် အခုလက်ရှိ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် ပိုင်ရှင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တချို့ကို သိလိုက်ရတာပဲ ။ ကြည့်ရတာ ဒီတစ်ယောက်ရဲ့ နာမည်အရင်းက Tang Feng မဟုတ်လောက်ဘူး ။ ကုမ္ပဏီရဲ့ စီမံရေးဌာနက အနုပညာလောကထဲမှာ မူလလက်ဟောင်း Tang Feng မရှိတော့တာကို အာရုံစိုက်မိပြီး ဒီတစ်ယောက်ကို Tang Fang ဆိုတဲ့ အမည်နဲ့ အနုပညာလောကထဲ ဆွဲထည့်လိုက်တာပဲ ဖြစ်ရမယ်။ Ipad ထဲမှာ ရေးထားတဲ့ Diary အရ ဒီတစ်ယောက်ဟာ Tang Feng ဆိုတဲ့ နာမည်ကို အရမ်းသဘောတွေ့လှတာ မဟုတ်ဘူး ။

အရင်က ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့လေ ။ အခုလက်ရှိမှာ သူ သဘောကျရင် ပြီးတာပဲ။

အရင်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းဟာ Lu Tain Chen ဆိုတဲ့ တစ်ယောက်ကို တော်တော် ရူးရူးမူးမူး စွဲလန်းခဲ့တာပဲ ။ Lu Tai Chen ဆိုတာ အဲ့တစ်ယောက် စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီရဲ့ CEO ဖြစ်လောက်မယ် ထင်တယ် ။ အရင် Tan Feng ဘက်ကနေပဲ တစ်ဖက်သတ် ကြိတ်ပြီး သဘောကျနေတာ ဖြစ်မယ် ။ ဖတ်နေရင်းနဲ့ မတွေးတက်အောင် ဖြစ်လာရတာကတော့ အရင် Tang Feng ဟာ သူ့ Diary ထဲမှာ Lu Tain Chan ကို အရက်မူးအောင်တိုက်ပြီး ၊ ဘယ်လို သူနဲ့အတူ ညအိပ်ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို အသေးစိတ်စိတ်ကျကျကြီး ရေးထားတာကိုပဲ ။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်း သူတို့နှစ်ယောက်ကြားမှာ အရင်အခြေအနေကနေပြီး ရှေ့ကို တစ်ဆင့်ထပ်တက်သွားကြတယ် ။ ဒါပေမယ့် Lu Tain Chen ကတော့ သိပ်မကြာခင်မှာပဲ Ge Chen ဆိုတဲ့ တစ်ယောက်နဲ့ ကြိုက်သွားကြတယ် ။

ဘယ်လိုတွေတောင် ဇယားရူပ်တဲ့ Relationship ပါလား? Tang Feng က Lu Tain Chen ကို ကြိုက်တယ် ။ သူတို့ကြားထဲ အခြေအနေတစ်ခု ဖြစ်သွားတယ် ။ ဒါပေမယ့် Lu Tain Chen က ပြိုင်ဘက်ကုမ္ပဏီက မင်းသားတစ်ယောက်နဲ့ ထပ်ကြိုက်သေးတယ် ။ ပြီးတော့လည်း အဲ့ဒီ Ge Chen ဆိုတဲ့ တစ်ယောက်ဟာ သူ့ကိုပိုင်တဲ့ ကုမ္ပဏီရဲ့ CEO နဲ့လည်း ဇာတ်လမ်းက မရှင်းဘူး ။

ထားပါလေ ။ ဒီ အနုပညာလောက ဆိုတာက အရင်ကတည်းကိုက ဒီလိုပြသနာတွေနဲ့ ကင်းကြတာမှ မဟုတ်တာ ။

True Star (Myanmar Translation )Where stories live. Discover now