baek အမှန်တကယ် ဒီလိုပွဲတွေကိုမလာချင်
လူတွေများပြားရှုပ်ထွေးနေမှုကbaekကိုအသက်ရှုမဝ
ဖြစ်စေသည်။အခုတော့ommaကောင်းမှုကြောင့်ရောက်နေခြင်းသာ
baekသက်ပြင်းချလိုက်ရင်းမုန့်တွေထည့်နေတဲ့ဆီသာ
အာရုံပြန်စိုက်လိုက်သည်။"အွန်း ဒါလေးလည်းစားကောင်းမဲ့ပုံဘဲ.."
baekစားချင်တာတွေထည့်ပြီးတော့ ပန်းကန်ပြားအကြီးကြီး
ဟာအစားအသောက်များဖြင့်လျှံထွက်လုနီးပါးပန်းကန်ပြားထဲကအစားအစာတွေပြုတ်မကျအောင်ဂရုစိုက်
သယ်လာတော့ တွေ့တဲ့သူတွေကbaekကိုင်ထားတဲ့ပန်းကန်
ပြားကိုကြည့်လိုက် baekကိုကြည့်လိုက်နှင့်တီးတိုးပြောရင်း
ရယ်နေကြသည်။ဒါတွေဟာbaekအတွက်ကြုံဖူးနေကြမို့ ထူးပြီးအာရုံစိုက်မနေ
တော့ဘဲလူရှင်းတဲ့ ထောင့်ကျတဲ့ဝိုင်းလေးမှာဝင်ထိုင်ပြီး
သာစားနေမိသည်။"အားလုံးဘဲ အခုကစပြီး The Whole kingနဲ့
Queen ကိုကြော်ငြာပါတော့မယ်။"စင်ပေါ်ကSenior အကိုနဲ့အမရဲ့ကြော်ငြာမှုကြောင့်
ကျောင်းသားကျောင်းသူများလှုပ်လှုပ်ရွရွဖြစ်သွားကာ
ဆူညံနေကြသည်။"The Whole Queenကိုရရှိသွားသူကတော့
အနုပညာမေဂျာက Kang Mi Yeonဖြစ်ပါတယ်။"လက်ခုပ်တီးသံများခန်းလုံးပြည့်ညံသွားပြီး
မြင်သူတိုင်းနှစ်ခါပြန်ကြည့်နိုင်လောက်အောင်
ချောတဲ့မိန်းမလှလေးတယောက်စင်ပေါ်တက်လာသည်။အောက်ကကျောင်းသားများကတော့"တဝိုးဝိုး တဝါးဝါး"
နဲ့အားပေးနေကြသည်။"ဒီတခါ The Whole Kingကိုရရှိသွားသူကတော့
IR မေဂျာက Park Chanyeol ဖြစ်ပါတယ်။"ဒီတခါတော့လက်ခုပ်တီးသံများကနှစ်ဆဖြစ်ကာ
မိန်းကလေးအားလုံးရဲ့အာရုံကိုဖမ်းစားသွားသူက
စင်ပေါ်တက်လာပြီး ပါးချိုင့်ပေါ်ရုံလေးပြုံးပြလိုက်တော့
မူးမေ့လဲမတက်ဖြစ်ကုန်ကြသည်။"အား oppa ချောလိုက်တာ
တဖြုတ်ဖြုတ်ကြွေကုန်တာ ကုန်းကောက်လို့တောင်မရတော့ဘူး😍😍"