ဆောင်းဦးပေါက်လေ~~
ရော်ရွက်ဝါကြွေ~~
အပင်ပေါ်လား~~
အပင်အောက်လား~~
Sakura နတ်သမီးအလှ ကြွေ~~
ပန်းနုရောင်ထ~~
Yeouido မှ~~
ကိုယ် စောင့်နေ~~
ပြန်လာခဲ့တော့လေးးးးးးးး~🌸🍃Sakuraတမ်းချင်း🍃🌸
2066 ခုနှစ်. အင်ချွန်း လေဆိပ်~~
ပျားပန်းခတ်မျှ ရှုတ်ထွေးနေသော လူအုပ်ကြားထဲ က သူ တိုးထွက်လာရင်း ဂိတ်ဝထိ အတင်း တိုးလာခဲ့သည်...
မျက်လုံးတို့ ကလည်း တစုံတယောက်ကို ရှာဖွေ နေကာ လက်မှ ခရီးဆောင်အိတ်ကို သာသာ ဆွဲရင်း ကြည့်လိုက်တော့...
ဟော. တွေ့ပါပြီ။ ချစ်ရသော Hyung...
'Hyung. !. '
'ပန်းလေးရေ~~... '
သူ့ မျက်နှာလေးက 'ပန်းလေး'ဆိုသော အမည်နာမ ကိုကြားတော့ နှုတ်ခမ်းဆူကာ ပွစိ ပွစိ ပြောရင်း Hyung နားဆီ လျှောက်လာခဲ့သည်.
'ဘာ ပန်းလေးလဲ။ Hyung နော်. မိန်းမ ဆန်လိုက်တာ'
'ဟ. မင်းပဲ အ့ ပန်းတွေ အကြောင်း ကို တသသ ခန ခန ပြောပြီး ဒီကို အသည်းအသန် လာချင်နေခဲ့တာလေ. အ့ကြောင့် ပန်းလေး လို့ ခေါ်တာပေါ့. '
'အ့ဒါက ကျွန်တော့ သဘော အတိုင်း ဖြစ်လာတာမှ မဟုတ်တာ. ဟိုမှာ ရှိနေတဲ့ လူက ဒီ ပန်းတွေ အကြောင်း အမြဲ အိပ်မက် မက်နေတာ ဖြစ်နိုင်သလား ပြော. ဒါ တခုခု အကြောင်းရှိလို့ နေမှာ. '
'အေးပါကွာ. ဟုတ်ပါပြီ။ လာ. အိမ်အရင် သွားကြစို့'
Hyung က သူ့ အထုပ်တွေ ဆွဲကာ ရှေ့က ထွက်သွားတော့ သူလည်း နောက်မှ ခပ်မြန်မြန် လိုက်သွားလိုက်သည်.
ထိုခန သူ့ မြင်ကွင်းထဲ ဝင်ရောက်လာတာက ခြေချောင်းဖြူဖြူတို့ မြင်နေရသော ကွင်းထိုးစီး ဖိနပ်တစုံ.
အပေါ်ကို မော်မကြည့်ရပါပဲ သူ ထိုသူ့ ဘေးနားက ဖြတ်ကျော်လိုက်မိတဲ့ ခန... ...
ရင်းနှီးသော ကိုယ်သင်းရနံ့ တချို့...
ဒုတ်. ဒုတ်... ...
YOU ARE READING
Sakuraတမ်းချင်း
RomanceSakura ကြွေချိန် ရောက်ပြန်သလို ပန်းထက်လှတဲ့ မင်းလေးလည်း ကိုယ့်ဆီ ပြန်လာချိန် ရောက်ပြီ။ Baek~~