💖ချစ်သောYeobo💖

10.6K 870 58
                                    

✔Unicode✔
Baekhyun'POV:

"ဒါက ဘာဖြစ်ရပြန်တာလဲကိုယ်တော်"

ကျောင်းဝတ်စုံတောင်မလဲဘဲ
ဆောင့်ဆောင့်အောင့်အောင့်ဖြင့်
ရောက်ချလာသော Baekhyunအား
အမေဖြစ်သူက မေးလိုက်သည်။

"ဘာဖြစ်ရမှာလဲ အမေ့သားမက်ပေါ့
သူကိုယ်တိုင်လာမကြိုဘဲ ရုံးကတယောက်
ကိုလွှတ်လိုက်တယ်တဲ့"

ကျောပိုးအိတ်လေးကို မသာမယာပစ်ချပြီး
ဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်း လူစားလွှတ်လိုက်
သော အိမ်ကလူကြီးကို မမြင်နိုင်ပေမယ့်
မျက်စောင်းတွေသာ ပစ်ထိုးမိသည်။

"ဟိုကမအားလို့ပေါ့ဟဲ့"

"မအားလဲ လာကြိုရမှာပဲ
သူကျွန်တော့်ကိုယူထားတာ
ကျွန်တော့် အကြိုက်လိုက်ရမှာပဲ"

"ဒီမှာByun Baekhyun shi
သဘောမတူပါဘူး
အတန်တန်ပြောနေ၊တားနေ
လျက်နဲ့ ကောက်ကောက်ပါအောင်
လိုက်သွား
တာကဘယ်သူလဲ။
ှုခုမှငါ့ရှေ့လာမငြီးပြနဲ့ နင့်ကို ငါပြန်သိမ်းလိုက်မှာ"

"Ommaတကယ်ပဲဘယ်လိုဖြစ်နေတာလဲ
အခုသားကသူ့ကို စိတ်ကောက်ရုံပဲလေ
ဘာလို့ Yeolကိုခုထိ အကောင်းမမြင်သေးတာလဲ"

"မမြင်ဘူးဟေ့ ဘယ်တော့မှ မြင်မှာမဟုတ်ဘူး
ကိုယ့်အသက်အရွယ်မှအားမနာ
အထက်တန်းတောင်မအောင်သေးတဲ့
ငါ့သားလေးကို ခိုးပြေးသွားတဲ့ ကောင်ကို
ဘယ်တော့မှ မကျေနပ်ဘူး"

"Omma!
သားက သူ့နောက်လိုက်တာပါဆိုနေ"

"အဲဒါကြောင့် ငါခုလိုငြိမ်နေတာပေါ့
ကိုယ့်သားကိုက စပ်စလူးထပြီးလိုက်သွားလို့
ဒီလောက်သည်းခံနေတာ၊မဟုတ်ရင်တော့လား"

အိမ်ထောင်ကျတာပဲတစ်နှစ်ပြည့်တော့မယ်။သားမက်ကိုခုထိအကောင်းမမြင်သေးတဲ့
Ommaကို
Baekhyunဘယ်လိုပြောရမှန်းပင်မသိတော့။

Yeolကအပြစ်ပြောစရာမရှိအောင်ပြည့်စုံနေတဲ့သူကိုဘာလို့Ommaအဲဒီလောက် ခါးသီးနေပါလိမ့်။

ရုပ်ရည်ရော
ဥစ္စာ ရော
အားလုံးပြည့်စုံတယ်...

အင်း.....
ကျွန်တော့် ယောကျ်ားYeolက
ကိုရီးယားမှာ ရှိတဲ့ အတော်ဆုံးလုပ်ငန်းရှင်
10ယောက်ထဲမှာပါတယ်။

ချစ်သော YeoboWhere stories live. Discover now