အတန်းတင် စာမေးပွဲဟာ တဖြည်းဖြည်းနီးကပ်လာသည်နဲ့အတူ ကျွန်တော် မောင်နဲ့ တဖြည်းဖြည်း အလှမ်းကွာလာသလိုလို ခံစားမိပြန်သည်။
""မင်းဖြေနိုင်မှာပါ""
ထူးထူးဆန်းဆန်း ကျွန်တော့်ကို အားပေးစကားဆိုသော သျှင်းကို ကြည့်ရင်း ပြုံးမိသည်။
""မင်းရော ဖြေနိုင်မှာပါ""
""စာမေးပွဲ ဖြေပြီးတဲ့ည ကြီး တန်းသွားရမှာပေါ့""
""ဟုတ်တယ် ဟိုမှာက ၃လပိုင်း ၁၅ရက်ဆို ကျူရှင်တွေ စပြီပြောတယ် မြန်မာလိုတွေကနေ အင်္ဂလိပ်လိုတွေ သင်ရတော့မှာဆိုတော့ နောက်ကျရင် မကောင်းဘူးလို့ ထင်တယ်""
""အေး အဲ့တာလဲ ဟုတ်တာပဲ မင်းနွေရာသီ ကျောင်းပိတ်ရက်တွေ ပြန်လာမှာ မလား ၁၀တန်း စာမေးပွဲကြီးပြီးရင်ရောလေ""
""အေး..ငါ ကြိုးစားကြည့်မှာပေါ့ မင်း ဘာတက္ကသိုလ်တက်ဖို့ တွေးသလဲ""
""မသေချာသေးဘူး ငါဘာဝါသနာပါလဲ တွေးတုန်းပဲ ""
""အင်း မင်းဝါသနာပါရာ လမ်းကို လျှောက်ပေါ့ ပြီးတော့..အင်း မောင့်ကိုလဲ တစ်ချက် ကြည့်ပေး""
""မင့် မောင်က ငါမကြည့်ပေးလဲ ဖြစ်ပါတယ်ကွာ ကိုကိုရှိနေတာပဲ""
""အင်း ငါသိပါတယ်""
ပူဆွေးမှုကို ဒီအသက်အရွယ်နဲ့ ကျွန်တော်မရချင်ပါ ..သက်ပြင်း ဖွဖွချရင်း မောင်တို့ အိမ်ဘက်ကို ငေးမိတော့ အိမ်ရှေ့ဒန်းမှာ ကိုကို့ဆီ စာတွေဆိုပြနေရသော မောင့်ကို တွေ့သည်။ ကြည့်ပါအုံး ရယ်နေလိုက်တာ မောင်ချစ်တဲ့ ပါးချိုင့်လှလှလေးတွေများ ထင်းလို့..မောင့်ပါးက ပါးကွက်လေးတွေများ ဝိုင်းလို့...သနပ်ခါး နံ့လေးတွေများ သင်းလို့.....။
""မောင် ""
""ပြောလေ ရှင်း ""
""ကျောင်းရဲ့ ရှေ့မှာ စာတိုက်ပုံးရှိတာ သိတယ်မလား မောင် အကို့ဆီ စာရေးမယ်မလား""
ပထမဆုံးအကြိမ် စည်းအဖြစ် အကို လို့ သုံးမိသည်။ ဟုတ်သားပဲ မောင် မင်းက ကိုယ့်ညီလေးပဲ ဖြစ်လာမှာပဲ နော်...ထာဝရ အင်း ထာဝရ

YOU ARE READING
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
General Fictionဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...