||ချစ်သက်ငယ်||

2.2K 241 11
                                    

""ရှင် မြ နဲ့ ပတ်သက်နေတာလား!?""

မနက်အိပ်ရာနိုးသည်နဲ့ ဗိုက်ဆာတတ်သော အကျင့်ကြောင့် ဘာများရမနိုင်မလဲ ဆိုပြီး အပေါ်ထပ်ကနေ ကျွန်တော် ဆင်းလာခဲ့မိသည်။ မေမေ၏ စူးခနဲ ထွက်လာတဲ့ အသံကြောင့် အောက်ဆက်ဆင်းမည့် ကျွန်တော့် ခြေလှမ်းတစ်ချို့ ရပ်တန့်သွားရပြန်သည်။

""မင်း လေသံ လျှော့ နွယ် ငါ့အမေရော သားတို့ရော အိပ်နေတုန်း""

""အို ပြောသင့်တာတော့ ပြောရမှာပဲ ဘယ်နှယ့်ရှင် သားရဲ့ သူငယ်ချင်းအမေ နဲ့ ခြေရှုပ်ရတယ်လို့""

ဖေဖေကလေ အန်တီမြနဲ့...အသံထွက်မိမည်ဆိုး၍ ကျွန်တော့်ပါးစပ်ကို လက်ဖြင့် တင်းတင်းအုပ်ထားမိသည်။

""ငါ့ကို ဘယ်လို ယောကျာ်းလို့ ထင်နေတာလဲ ငါအဲ့လောက်ထိ အောက်တန်းမကျဘူးကွ""

""ပြောလို့ရမလား ရှင်က ခြေရှုပ်ရတာကို ခုံမင်တဲ့သူပဲဟာ ခုလဲ မုဆိုးမ ငယ်ငယ်ရွယ်ရွယ်လေးကို ရလိုရငြား ကြံနေမလားလို့""

""မြက ငါနဲ့ ငယ်သူငယ်ချင်းတွေကွ""

""ရှင့် ငယ်ချစ်ဦးလို့သာ ပြောလိုက်စမ်းပါရှင် သူငယ်ချင်းတွေ ဘာညာ မပြောစမ်းပါနဲ့""

""အေး ငယ်ချစ်ဦး ဖြစ်ခဲ့တောင် အဲ့တာတွေက လွန်ခဲ့တဲ့ နှစ်၂၀ လောက်ထဲက ပြသာနာတွေ ခုချိန်မှာ မြရော ငါရော ဘာစိတ်မှ မရှိကြတော့ဘူး""

""ဘာစိတ်မှ မရှိဘူးဆို ရှင်ဟိုတနေ့က ဘာလို့ အဲ့မိန်းမ လက်ကို ဆွဲပြီး ဟိုတယ် ထဲကနေ ထွက်လာသလဲ ဒီမယ် ကိုသိန်းဇော် ရှင့်အသက်က ၄၀ကျော်နေပြီ ကိုယ့်သိက္ခာကို မထောက်တောင် ရှင့်အမေ သက်ကြီးရွယ်အိုရဲ့ မျက်နှာရယ် ရှင့်သားတွေရဲ့ မျက်နှာကို ထောက်စမ်းပါအုံးရှင်""

မေမေသည် ရှက်စိတ်တွေ ဖုံးလွှမ်းနေသော မိန်းမ တစ်ယောက်ကဲ့သို့ ငိုသံပါနေသော်လည်း မာန်မပျက်ထိန်းရင်းကနေ ဆက်ပြောနေသည်။ ကျွန်တော် ဆက်လဲ နားမထောင်သင့်တော့တာမလို့ အပေါ်ထပ်ကို ပဲ အသံမကြားအောင် သတိထားပြီး တက်လာခဲ့မိသည်။ အကယ်၍ ကျွန်တော် ကြားသွားသည်ကို သိရင်လဲ ဖေဖေရော မေမေပါ စိတ်ကောင်းကြမည် မဟုတ်။

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Where stories live. Discover now