Previous>>>>>>
JY-ဟုတ်တယ် သူလည်း ပြန်လာတာ မကြာသေးပါဘူး ဒါနဲ့ မင်းကရောဘယ်လိုဖြစ်ပြီး တစုန့်မင်းသားဖြစ်နေရတာလဲ?? ဒီ၁၀နှစ်အတွင်းဘယ်လိုတွေဖြစ်ခဲ့လို့လဲ??
××××××××××××××××××××××××××××××××Fic Start>>>>
Minghaoရဲ့မျက်နှာမှာ ပြောမပြတတ်နိုင်တဲ့ ဝမ်းနည်းမှုအပြည့်နဲ့ အတိတ်ကိုပြန်စဉ်းစားရင်း~~~~
Minghao-အဲ့နေ့က Minnieမြို့ထဲမှာ စားစရာဝယ်ပြီးပြန်လာတဲ့လမ်းမှာ Minnieကို ရဲမက်တွေတွေ့သွားလို့ လိုက်ဖမ်းကြတာ နောက်ဆုံးတော့ Minnieလည်း ဘာမှမတတ်နိုင်တော့ဘဲ သူတို့ Minnieကိုမိသွားတာ .. ဒါပေမယ့် Minnieရဲ့အချစ်ဆုံးသူငယ်ချင်း Jisooက Minnieကို အဲ့နေရာကနေကယ်ထုတ်ပေးခဲ့တာ..... သူနဲ့ Minnieအတူနေလာတဲ့တစ်လျှောက်လုံး သူက Minnieကို အရမ်းကောင်းခဲ့ပါတယ်.. ဒါပေမယ့် ကံကြမ္မာက Minnieကို ဘယ်လိုအခြေနေရှိစေချင်လို့လဲတော့မသိဘူး.. Minnieမြို့ထဲကို ခဏသွားတုန်း တစုန့်ရဲ့ အမတ်ချုပ်ကြီးက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မင်းသားလေးပါဆိုပြီးအတင်း နန်းတော်ထဲကို ခေါ်သွားကြတာပဲ.. Minnie သူတို့ကို အတန်တန်ရှင်းပြပေမယ့် သူတို့ လုံးဝလက်မခံပဲနဲ့ Minnieကို မင်းသားလေး မင်းသားလေးဆိုပြီး အတင်းခေါ်သွားကြတာ ... Minnie လည်း အခေါက်ခေါက် အခါခါငြင်းပေမယ့် သူတို့တွေက လက်မခံပဲနဲ့ Minnieကို မင်းသားလေး မင်းသားလေးဆိုပြီးတော့ပဲ သတ်မှတ်ထားကြတာ အခုတော့လည်း Minnie တော်တော်နေသားကျသွားပါပြီ Hyungရယ်.. ဘာဖြစ်လို့လဲဆိုတော့ Minnieတို့ရဲ့ရန်သူကိုလက်စားချေဖို့ ဒီနည်းက အကောင်းဆုံးပဲလေ...
JY- ငါ့ညီလေးအဖြစ်ကလည်း အရမ်းဆန်းကြယ်တာပဲကွာ..
MH- Minnieကိုယ်တိုင်လည်း ဒါက မထင်မှတ်ထားတဲ့ကိစ္စကြီးဆိုတော့ အစက လန့်နေတာ အကယ်၍များ မင်းသားအစစ်က နန်းတော်ထဲပြန်ရောက်လာရင် Minnieတော့ ဒုက္ခအကြီးကျယ်ရောက်မှာလေ😥😥😥
JY- ဘာပဲဖြစ်ဖြစ်ပါကွာ အခုလို ငါ့ညီလေးနဲ့ပြန်တွေ့ရတာပဲ Hyungက အရမ်းဝမ်းသာနေပါပြီကွာ မင်းတို့ မိသားစုလေး အခုဆို ပြန်ဆုံပြီလေကွာ
JB- ပြန်ဆုံတာက ဟုတ်တယ် ဒါပေမယ့်...
JY- ဒါပေမယ့် ဘာဖြစ်လို့လဲ??
YOU ARE READING
Yi En... Don't Leave Me
Fanfictionထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....